သတင်းတို

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ အမျိုးသမီးလုပ်သား ဦးရေမြင့်လာ

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေသည့် ရွေ့ပြောင်းအမျိုးသမီး လုပ်သားဦးရေမှာ ၄၀ရာခိုင်နှုန်းမြင့်တက်လာကြောင်း ကုလသမဂ္ဂ နိုင်ငံတကာအလုပ်သမားအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Khaosad သတင်းမှာဖော်ပြထားပါတယ်။

အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံများမှ အမျိုးသမီး ၂သိန်းကျော်ဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှာ နံရံချောကိုင်ခြင်း၊ အုတ်နှင့် ဘိလိပ်မြေစသည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ သယ်ဆောင်ခြင်းများ၌ လုပ်ကိုင်နေကြောင်း အဆိုပါအဖွဲ့ကထုတ်ပြန်သည်။

အဆိုပါ ဆောက်လုပ်ရေးအလုပ်သမများသည် လုပ်ခလစာနည်းခြင်း၊ အိမ်ထောင်ရှင်များအနေဖြင့် ကိုယ်ဝန်ရှိပါက လုပ်ငန်းခွင့်မှ ရပ်နားခံရကာ လုပ်ခလစာမရခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်းစသည်တို့ကို ခံစားနေရကြောင်းလည်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံတဝန်း မြန်မာရွေ့ပြောင်းအလုပ်သမား ဦးရေ ၄သန်းခန့်ရှိရာ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ၁.၇သန်း၊ MoU ဖြင့်လာရောက်သူ ၂သိန်း၊ ထိုင်းအစိုးရမှ ထုတ်ပေးသည့် ပန်းရောင် ကတ်ကိုင်ဆောင်သူ ၅သိန်းဝန်းကျင်ရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့များထံမှ သိရပါတယ်။

Loading