သတင်းတို

မောင်တော တိုက်ခိုက်မှု ဆော်ဒီ အာရေဗျ ရှိ အဖွဲ့တခုနှင့် ဆက်စပ်

Want create site? Find Free WordPress Themes and plugins.

ဘယ်လ်ဂျီယမ် အခြေစိုက် အဖွဲ့တခုဖြစ်သော International Crisis Group (ICG) က ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ခိုက်မှုများသည် ဆော်ဒီ အာရေဗျ ၊ မက္ကာ အခြေစိုက် မွတ်စလင် အကြမ်းဖက် အဖွဲ့တခုနှင့် ဆက်စပ်လျက်ရှိကြောင်း အစီရင်ခံစာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစီရင်ခံစာနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၃ ရက်နေ့က Time မဂ္ဂဇင်းတွင် ရေးသားချက်အရ ၎င်းတို့ဘာသာ ၎င်းတို့ Harakah al-Yaqin အဖွဲ့ သို့မဟုတ် ယုံကြည်ချက် အတိုင်း လှုပ်ရှားသည့် အဖွဲ့က ရခိုင်ပြည်နယ် တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်ကို (ICG) အဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာလများ အတွင်း အစိုးရ လုံခြုံရေး တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့သည့် သောင်းကျန်းသူ အဖွဲ့မှ အဖွဲ့ဝင်များကို အင်တာဗျူး မေးမြန်းခြင်း အပါအဝင် အခြား သတင်းရင်းမြစ်များကို အခြေခံလျက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်း မွတ်စလင် သောင်းကျန်းသူ အဖွဲ့ကို မက္ကာအခြေစိုက် ရိုဟင်ဂျာ ပြည်ပြေးအဖွဲ့က ကြီးကြပ်ကွပ်ကဲကြောင်း၊ ရခိုင်ပြည်နယ် အတွင်း စစ်ဆင်ရေးလုပ်ငန်းများကို Ata Ullah (အခြားအမည်များစွာ ရှိသေးသူ) က ဦးဆောင်နေပြီး၊ ယင်း အဖွဲ့က ဖြန့်ဝေသည့် ဗီဒီယို ထုတ်ပြန်ချက်များတွင် ၎င်းသည် ပြောရေးဆိုခွင့် ရှိသူ ဖြစ်ကြောင်း၊ ၎င်းကို ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် မွေးဖွားခဲ့ပြီး မက္ကာတွင် ကြီးပြင်းခဲ့ကြောင်း၊ ဖခင်မှာ ရိုဟင်ဂျာ ဖြစ်ကြေင်း ရေးသားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading