သတင်းတို

ဘန်ကောက်၌ အဆောက်အဦးဟောင်းတလုံး ပြိုကျ၊ ၃ဦးသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ဆူခွန်ဗစ် ၈၇လမ်း၌ အထပ် ၆ထပ်ရှိ အဆောက်အဦးဟောင်း တလုံး  ယနေ့နံနက်ပိုင်းက ပြိုကျခဲ့ရာ အနည်းဆုံး ၃ဦးသေဆုံးကာ၊ ၈ဦးခန့် ပိတ်မိနေကြောင်း၊ ၎င်းတို့ကိုကယ်ဆယ်ရေးလုပ်သားများက ရှာဖွေနေကြောင်း Bangkok Post သတင်းကဆိုပါတယ်။

မစ်ဇူဘီရှီကားပြခန်းဟောင်းဖြစ်ပြီး၊ အသစ်ဆောက်ရန်အတွက် ဖြို ဖျက်နေရာမှ ဖုံများနှင့် အပိုင်းအစများ လမ်းပေါ်သို့ ကျရောက်မှုကြောင့် အန္တရာယ်ရှိသည့်အတွက် ရပ်ဆိုင်းခိုင်းထားပြီးနောက် ယခုကဲ့သို့ ပြိုကျခြင်းဖြစ်တယ်လို့ ဒေသအာဏာပိုင် တွေကဆိုပါတယ်။

ဒေသခံများကတော့ ယင်းအဆောက်အဦးဟောင်းကို ဘက်ဟိုးတစီးဖြင့် အဆောက်အဦးကို ဖျက်ရာ မှ ပြိုကျခြင်းဖြစ်တယ်လို့ ပြောပါတယ်။

Loading