၂၀၁၅-၂၀၁၆ အခွန်စည်းကြပ်နှစ် အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သည့် လုပ်ငန်းရှင် များ စာရင်းတွင် ကမ္ဘောဇဘဏ် နှင့် Denko Trading ကုမ္ပဏီတို့ ထိပ်ဆုံးနေရာတွင် ဖော်ပြခံရသည်ကို တွေ့ရသည်။
ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သည့် လုပ်ငန်းရှင် ၅၀ နှင့် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် လုပ်ငန်း ရှင် ၅၀ စာရင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန က ဒီဇင်ဘာ ၁၅ ရက်နေ့က နိုင်ငံပိုင် သတင်းစာမှ တဆင့် ထုတ်ပြန်ခဲ့ခြင်း ြုဖစ်သည်။
ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သည့် လုပ်ငန်းရှင်စာရင်းတွင် Denko Trading ကုမ္ပဏီသည် ကျပ်သန်း ၂ သောင်း အထက် ထမ်းဆောင်ခဲ့ပြီး ကျပ်သန်း ၂ သောင်း အောက်တွင် တပ်မတော်ပိုင် လုပ်ငန်းစု ဖြစ်သည့် မြဝတီ ထရိတ် ဒင်း၊ ကျပ်သန်း ၁၀,၀၀၀ အောက်တွင် စီးတီးမတ် ဟိုးလဒင်း ကုမ္ပဏီလီမိတက်၊ ကျပ်သန်း ၄,၀၀၀ အောက်တွင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ ကျပ်သန်း၂,၀၀၀ အောက်တွင် ရွှေသံလွင် မီဒီယာ ကုမ္ပဏီလိမိတက် တို့ ပါဝင်သည်။
ဝင်ငွေခွန် အများဆုံးထမ်းဆောင်သည့် လုပ်ငန်းရှင်စာရင်းတွင် ကမ္ဘောဇဘက်သည် ကျပ်သန်း ၂ သောင်း အထက် ဝင်ငွေ ခွန် ထမ်းဆောင်သည့် လုပ်ငန်းရှင်စာရင်းတွင် ထိပ်ဆုံးနေရာရှိခဲ့ပြီး ကျပ်သန်း ၁ သောင်း အောက်တွင် တပ်မတော်ပိုင် လုပ်ငန်းများဖြစ်သည့် မြဝတီဘဏ်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြဝတီ ထရိတ်ဒင်း ကုမ္ပဏီလီမိတက် တို့ပါရှိသည်။
ထို့အပြင် ဝင်ငွေခွန် အများဆုံးထမ်းဆောင်သည့် စာရင်းတွင် ကျပ်သန်း ၅၀၀၀ အောက်တွင် Global Treasure Bank Public ကုမ္ပဏီလီမိတက်၊ ကျပ်သန်း ၄၀၀၀ အောက်တွင် Dagon Beverages ကုမ္ပဏီလီမိတက်၊ ကျပ်သန်း ၃၀၀၀ အောက်တွင် ဧရာဝတီဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ကျပ်သန်း ၂၀၀၀ အောက်တွင် အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ်၊ ရိုးမဘဏ်၊ ဇေကမ္ဘာ ကုမ္ပဏီလီမိတက်၊ သမဝါယမဘဏ်၊ Denko Trading ကုမ္ပဏီလီမိတက်၊ စီးတီးမတ် ဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်၊ IKBZ အာမခံကုမ္ပဏီလီမိတက်၊ ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီမိတက်၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ Myanmar Oriental Bank၊ Myanmar Apex Bank၊ မြန်မာ့သြဘာ လုပ်ငန်းစု၊ ကျေးလက်ဖွံ့ဖြိုးရေး ဘဏ် တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကျပ်သန်း ၁၀၀၀ အောက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် စာရင်းတွင် နယူးဒေး စွမ်းအင် ကုမ္ပဏီလီမိတက် ဖြစ်ကြောင်း သိရသည်။