သတင်းတို

မြန်မာတွင် IFC ရင်းနှီးမြှုပ်နှံမှု လာမည့်နှစ် ဒေါ်လာသန်း ၈၀၀ အထိ ရောက်ရှိမည်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ဘဏ် အုပ်စုဝင်ဖြစ်သည့် နိုင်ငံတကာ ငွေကြေး ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (IFC)က လာမည့်နှစ်တွင် မြန်မာ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၈၀၀ အထိ ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတကာ IFC အနေဖြင့် ၃ နှစ်ခွဲ အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားသည့် ပမာဏ သည် ဒေါ်လာ သန်း ၄၀၀ အထိ ဝင်ရောက်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

IFC ၏ ဌာနေ ကိုယ်စားလှယ် ဗစ်(ခ်) ရမ်ကူးမားက“နောက်ဆုံး ရင်းနှီးမြှုပ်နှံထားတာက မြန်မာ့သြဘာ လုပ်ငန်းစုမှာ ဒေါ်လာ ၁၀ သန်း၊ စီးတီးမတ် ကိုလည်း ဒေါ်လာ ၂၅ သန်း ပေးထားကြောင်း၊ AMATA ဟိုတယ်ကိုလည်း ၁၃ သန်းခွဲ ပေး ထားတယ်။ အခုက ချေးငွေပုံစံနဲ့ ပေးထားတာ ဖြစ်ပါတယ်။ နောက်ပိုင်း ကုမ္ပဏီ ဥပဒေ ထွက်လာရင် အဲဒီမှာ ရှယ်ယာဝင် ဖြစ်လာမယ်”ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး “ဒေါ်လာ ၅၂ ဒသမ ၅ သန်းကို ဆက်သွယ်ရေး တာဝါတိုင် ထောင်တဲ့ နိုင်ငံခြားကုမ္ပဏီမှာ ရင်းနှီး မြှုပ်နှံထားတယ်။ နောက် ၅၇ သန်းကို မန္တလေးတိုင်း မြင်းခြံက စွမ်းအင် စီမံကိန်းမှာ ပေးထားတယ်။ နောက်နှစ် ဇွန်လ လောက်မှာ ရင်းနှီးမြှုပ်နှံမယ့် ပမာဏက ဒေါ်လာ သန်း ၈၀၀ ဖြစ်လာပါမယ်”ဟုလည်း ပြောပြသည်။

နိုင်ငံတကာ ငွေကြေး ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (IFC)သည် အဓိက အခြေခံအားဖြင့် ငွေချေးလုပ်ငန်းများကို လုပ်ဆောင်ခြင်း ဖြစ်ပြီး မြန်မာ အပါအဝင် အခြားသော နိုင်ငံများတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ပေးနေသည့် ပုဂ္ဂလိ က အဖွဲ့အစည်း တခုဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading