ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့အနီးရှိ သံလွင်မြစ်ကူးတံတား(တာကော်) ပူးပေါင်းစစ် ဆေးရေးဂိတ်၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များကို မနေ့က ရှောင်တခင်စစ်ဆေးရာ ယာဉ်မောင်း အောင်ကျော်မြင် မောင်းနှင်လာသည့် SURF အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ကာလတန်ဘိုး ငွေကျပ် သိန်း ၅၆၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၄၉၂ တုံး(အလေးချိန် ၁၆၄ ကီလို)၊ ICE စိတ်ကြွဆေး ၆၀ ကီလို၊ ဘိန်းမည်း ၃ကီလို ကို သိမ်းဆည်းရမိကြောင်း မြဝတီသတင်းကဆိုပါတယ်။
အလားတူ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ပုံလို့လမ်းရှိ အောင်ကျော်မြင့်ဆိုသူ ပိုင်ဆိုင်သည့် ကျော် ကုန်စည်ပို့ဆောင် ရေး ဂိုဒေါင်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူဘလောက်တုံး ၁၄၁တုံး၊ WY စိတ်ကြွဆေးပြား ၇၀၀၀နှင့် သေနတ်မျိုးစုံ ၁၀လက်၊ RPG ဗုံးသီးတလုံးနှင့် ကျည်မျိုးစုံ ၁၃၄၅ တောင့်ကို သိမ်းဆည်းရမိကြောင်း သိရပါတယ်။