သတင်းတို

ဇူးရစ်မြိုရှိ မွတ်ဆလင်ဝတ်ပြုဆောင် ပစ်ခတ်ခံရ

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့လည်က ဆိုမာလီမှ ပြောင်းရွေလာသည့် မွတ်ဆလင်ဘာသာဝင်များ၏ ဝတ်ပြုဆောင်တခုအတွင်းသို့ တနင်္လာနေ့ညက သေနတ်သမားတဦးက ဝင်ရောက်လာပြီး ပစ်ခတ်ရာ ၃ဦး ဒဏ်ရာရ သွားတယ်လို့ AP သတင်းက ဆိုပါတယ်။

ပစ်ခတ်သူဟာ အသက် ၃၀နှစ်ခန့်ရှိ အမျိုးသားတဦးဖြစ်ပြီး၊ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသလို အနက်ရောင်သိုးမွှေးဦး ထုတ်ကိုလည်း ဆောင်းထားပါတယ်။ ပစ်ခတ်ပြီးနောက်ထွက်ပြေးသွားတဲ့ အတွက် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာတဝိုက်ကို ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အနီးအနားတဝိုက်ကို ရှာဖွေရာ Sihlမြစ်ကူးတံတားနားမှာ အလောင်း တလောင်းကို တွေ့ရကြောင်း၊ ဒီအလောင်းဟာ သေနတ်သမားဟုတ်မဟုတ်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ မာကိုဘိုင်စာက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့က လူ ၁၂ဦးသေဆုံးခဲ့ရတဲ့ ခရစ်စမတ်ဈေးတန်းကို ထရပ်ကားနဲ့ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိမရှိကို စုံစမ်းနေတယ်လို့ သိရပါတယ်။

Loading