အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ဆင်ခြေဖုံးဒေသရှိ အစ္စလာမ်စစ်သွေးကြွများ ပုန်းအောင်နေရာကို ရဲ တပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ ဗုံးအမြောက်အမြား သိမ်းဆည်းခဲ့ပြီး၊ အကြမ်းဖက်သမား ၃ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ကာ တဦးကိုဖမ်းဆီးခဲ့ကြောင်း ကြောင်း AP သတင်းကဆိုပါတယ်။
သူတို့ဟာ သမ္မတနန်းတော်မှာ အစောင့်အပြောင်းအလဲလုပ်တဲ့ အခမ်းအနားတခုကို အသေခံဗုံးခွဲ တိုက်ခိုက်ဖို့ ကြံစည်နေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက်နေ့က ဖမ်းမိခဲ့တဲ့ အကြမ်းဖက်သမား တွေ နဲ့ ချိတ်ဆက်မှုရှိတယ်လို့ ယုံကြည်ရကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရ Rikwanto ကပြော ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်မယ့် စစ်သွေးကြွတဦးကို ဖောက်ခွဲရေးပစ္စည်းများနဲ့ အတူဖမ်းဆီးမိခဲ့ပါသေးတယ်။
ဖမ်းဆီးရမိတဲ့ ဖောက်ခွဲရေးပစ္စည်းပမာဏဟာ ဘာလီကျွန်း နိုက်ကလပ်ပေါက်ကွဲမှုထက် ၂ဆပြင်း အောင်ဖောက်ခွဲနိုင်တယ်လို့ သိရပါတယ်။
၂၀၀၂ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ဗုံးပေါက်ကွဲမှုမှာ လူပေါင်း ၂၀၂ ဦးသေဆုံးပြီးနောက် အစ္စလာမ်စစ် သွေးကြွတွေကို နှိမ်နင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် ယခုအခါမှာ IS အဖွဲ့နဲ့အတူ လူသစ်စုဆောင်းခြင်း ပြဿနာတွေကိုပါ ရင်ဆိုင်နေရပါတယ်။