ရုရှားသံအမတ် အန်ဒရေ ကာလော့ဗ် အသတ်ခံရမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ဆီးရီးယား အခြေစိုက် နူဆာရာတပ်ဦး အဖွဲ့က ဝန်ခံလိုက်ပါတယ်။Jabhat Fatah al-Sham အမည်ပေးထားတဲ့ နူဆာရာတပ်ဦးအဖွဲ့ဟာ ဆီးရီးယား အစိုးရကို တိုက်ခိုက် နေတဲ့အဖွဲ့ဖြစ်သလို အကြမ်းဖက်အဖွဲ့လို့လည်း သတ်မှတ်ကြပါတယ်။
၎င်းအဖွဲ့က အင်တာနက်မှ ရုရှားသံအမတ်ကို ၎င်းတို့အဖွဲ့က လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်တယ်လို့ စာတ စောင်ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ စောစောပိုင်းကတော့ တူရကီအာဏာပိုင်တွေဟာ ဒီလုပ်ကြံမှုနဲပတ်သက်ပြီး အန်ကာရာနဲ့ အနောက်တောင်ပိုင်း Izmir နဲ့ Aydin ပြည်နယ်က လူတချို့ကို ဖမ်းဆီးထားတယ်လို့ တူရကီမီဒီယာ တွေမှာ ဖော်ပြထားပါတယ်။
တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်ဒရေ ကာလောဗ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အန်ကာရာ မြို့က ဓာတ်ပုံပြပွဲတခုမှာ တူရကီရဲအရာရှိတဦးရဲ့ သေနတ်နဲ့ ပစ်ခတ်ခြင်းကြောင့်သေဆုံးခဲ့ပါတယ်။
စောစောပိုင်းသတင်းတွေအရ လုပ်ကြံသူ ရဲအရာရှိရဲ့ဆွေမျိုး ၆ယောက်ခန့်ကို ထိန်းသိမ်းလိုက် တယ်လို့ သိရပြီး၊ သူတို့ဟာ အမေရိကန်အခြေစိုက် ဖာဂူလန်ဘာသာရေးအဖွဲ့နဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။