ဘင်္ဂလားဒေ့ရှ်ရေတပ်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် Type 035 အမျိုးအစား ရေငုပ်သင်္ဘော ၂စီးဟာ စစ်တကောင်း ဆိပ်ကမ်းသို့ မနေ့ညနေက ရောက်ရှိလာပြီဖြစ်ပါတယ်။
စစ်တကောင်း ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အိုမာ ဖာရပ်က “ရေငုပ်သင်္ဘော ၂စီးကို တရုတ်သင်္ဘောကြီး MV Kang Sheng Kou က သယ်ဆောင်လာရာ ညနေ ၅နာရီ ၂၀ခမိနစ်ခန့်က စစ်တကောင်း ကွန်တိန်နာဂိတ်သို့ ရောက်လာကြောင်း The Daily Star သတင်းကို ပြောပါတယ်။
ဒီရေငုပ်သင်္ဘော ၂စီးဟာ တရုတ်နိုင်ငံ ဒါလီယန်းရှိ Liaonan သင်္ဘောကျင်းမှာ မွမ်းမံပြင်ဆင်ပြီး နောက် သယ်ယူလာခြင်းဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရေတပ်သမိုင်းမှာ ပထမဆုံးအကြိမ် ရေငုပ်သင်္ဘောပိုင်ဆိုင်ခြင်းဖြစ်ပြီး၊ ဘင်္ဂလားပင် လယ်အော်ကို စောင့်ကြပ်နိုင်မှာဖြစ်သလို တိုက်ခိုက်မှုစွမ်းရည်ကိုလည်း တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ရက်နေ့က ဘင်္ဂလားဒေ့ရှ် ရေတပ်အကြီးအကဲ မိုဟာမက် နီဇာမဒ်ဒင်ကို ဒါလီယန်း ဆိပ်ကမ်းမှာ အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။
နေတိုးအဖွဲ့ အခေါ် မင့်လို့ခေါ်တဲ့ ဒီရေငုပ်သင်္ဘောတွေကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကတည်းက အမေရိကန်ဒေါ် လာ ၂၀၃သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး၊ ၇၆ မီတာရှည်ကာ ၇.၆ မီတာကျယ်ကာ ဒီဇယ်နှင့် လျှပ်စစ်စွမ်းအင်သုံး ဖြစ်ပါတယ
ယင်းရေငုပ်သင်္ဘောတွေဟာ တရုတ်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဒါလီယန်းဆိပ်ကမ်းမှာ မွမ်းမံ ကာ ဘင်္ဂလားဒေ့ရှ်ကို ရောင်းချခဲ့တာဖြစ်ပါတယ်။
ရေငုပ်သင်္ဘောမှာ တိုပီဒိုတွေ မိုင်းတွေ တပ်ဆင်ထားပြီး ရန်သူ့ရေတပ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကို တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ရေတပ်ကို တရုတ်က ရေငုပ်သင်္ဘောရောင်းချပေးခဲ့တာနဲ့ ပတ်သက်ပြီး အိမ်းနီးချင်း အိန္ဒိယနိုင်ငံ က ဒါဟာ တရုတ်ရဲ့ အိန္ဒိယကို ဝိုင်းပတ်ရေးဗျူဟာ တရပ်ဖြစ်သလို၊ ပင်လယ်ပြင်လုံခြုံရေးလည်း ရှုပ်ထွေးလာ နိုင်တယ်လို့ ဆိုထားပါတယ်။