သြစတြေးလျနိုင်ငံရဲ့လာမယ့် ခရစ်စမတ်ရက်မှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ သံသယရှိ လူ ၅ဦးကို မဲလ်ဘုန်းမြို့မှာ ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ပါတယ်။သူတိုဟာ အကြမ်းဖက်အဖွဲ့ IS ရဲ့ သွေးထိုးလှုံဆော်မှုကို ခံရသူများဖြစ်ပြီး ၊ မဲလ်ဘုန်းမြို့ရဲ့ Flinder လမ်းက ဘူတာရုံ၊ ဖက်ဒရေးရှင်းစကွဲနဲ့ စိန့်ပေါလ် ကာသီဒြယ်ဘုရားကျောင်းတို့ကို တိုက်ခိုက်ရန် ကြံစည်နေခြင်းဖြစ်တယ်၊ သူတို့ကို ရဲတပ်ဖွဲ့က စောင့်ကြည်နေခဲ့တာဖြစ်ပြီး၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ဓား၊ ချွန်ထက်တဲ့အရာတွေနဲ့ သေနတ်ကိုသုံးပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဗစ်တိုးရီးယားပြည်နယ်ရဲမင်းကြီး ဂရေဟမ်အက်ရှ်တန်က ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားသူတွေဟာ အသက်၂၀နှင့် ၂၆နှစ်အကြား လူငယ်များဖြစ်ပြီး ကြာသာပတေး ညနဲ့ သောကြာနေ့ နံနက် စောစောမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူတိုအထဲက ၄ဦးဟာ သြစတြေးလျမှာ မွေးဖွားသူတွေ ဖြစ်ပြီး၊ နောက်တဦးကတော့ အီဂျစ်မှာမွေးတဲ့သူလို့ သိရပါတယ်။
ဗစ်တိုးရီးယား ပြည်နယ်ဝန်ကြီးချုပ် ဒန်နီယယ် အန်ဒရူးကတော့ ခရစ်စမတ်ကာလ လူထုလုံခြုံရေး အတွက် လမ်းတွေပေါ်မှာ လုံခြုံရေးတွေကို ပိုမိုချထားမယ်လို့လည်း ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေက ဂျာမနီနိုင်ငံ ဘာလင်မြို့က ခရစ်စမတ်ဈေးတန်းတခုကို အကြမ်းသမား တဦးက ထရပ်ကားတစီးနဲ့ ဝင်ရောက်တိုက်ခိုက် လူပေါင်း ၁၂ဦးသေဆုံးကာ ၄၈ဦး ဒဏ်ရာရခဲ့ပါတယ်။