IS အဖွဲ့က ဆီးရီးယားမြောက်ပိုင်း အယ်ဘက်ဒေသမှာ သူတို့ကိုထိုးစစ်ဆင်လာတဲ့ တူရကီနဲ့ ၎င်းတို့ ကျော ထောက် နောက်ခံပြုတပ်တွေကို တွန်းလှန်နိုင်လိုက်ရုံသာမက ဂျာမနီလုပ် Leopard 2A4 အမျိုးအစား ပင်မတိုက်ခိုက်ရေးတင့်ကား ၂စီးကိုပါ သိမ်းပိုက်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူူးနေ့က ဖြစ်ပွားတဲ့တိုက်ပွဲမှာ တူရကီစစ်သား ၁၄ဦးကိုပါ သတ်ဖြတ်နိုင်ခဲ့ပြီး တင့်ကား ၂စီး ကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်၊ ဒါ့အပြင် တူရကီစစ်သား ၃၃ဦးလည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
မူလက IS အဖွဲ့ကို ကျောထောက်နောက်ခံပေးနေတယ်လို့ စွပ်စွဲခံရတဲ့ တူရကီဟာ နောက်ပိုင်းမှာ ရုရှားနဲ့ ညှိနှိုင်းကာ Euphrates Shield အမည်နဲ့ ဆီးရီးယားထဲက IS တွေကို တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ ဒီစစ်ဆင်ရေးအတွင်းမှာ IS ၁ထောင်လောက်ကို သုတ်သင်နိုင်တယ်လို့ တူရကီစစ်ဘက်က ကြေညာထားပါတယ်။
IS ဘက်လည်း ဖမ်းမိထားတဲ့ တူရကီစစ်သား ၂ဦးကို အရှင်လတ်လတ် မီးရှို့သတ်တဲ့ ဗီဒီယို ဖိုင်တခု ကို မကြာသေးမီက ထုတ်လွှင့်ခဲ့ပါတယ်။