ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရဲ့ အက်ရှ်ကိုနာအရပ်က စစ်သွေးကြွ ပုန်းအောင်ရာ နေအိမ်တအိမ်ကို မနေ့က ရဲတပ်ဖွဲ့မှ စီးနင်းရာ အမျိုးသမီးစစ်သွေးကြွတဦးက အဖမ်းမခံပဲ သူကိုယ်သူ ဗုံးခွဲအဆုံးစီရင်လိုက် ကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့က လက်နက်ချဖို့ ပြောပေမယ့် ထိုအမျိုးသမီးက “ငါတို့ကောင်းကင်ဘုံကို သွားမယ်”လို့ ကြွေးကြော်ကာ သူ့ရဲ့ကိုယ်မှာ ဖွက်ယူလာတဲ့ ဗုံးနဲ့ မိမိကိုယ် မိမိအဆုံး စီရင်လိုက်ခြင်းဖြစ်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကိုင်တွယ်ရေးအဖွဲ့(CTTC) အဖွဲ့ အကြီးအကဲ မိုနီရူး အစ္စလာမ်က ပြောပါတယ်။
ဒါဟာ ဘင်္ဂလားဒေ့ရှ်မှာ ပထမဆုံး အမျိုးသမီးထဲက ဗုံးခွဲအဆုံးစီရင်တာလို့ ယူဆနိုင်တယ်လို့လည်း ဘင်္ဂလား ဒေ့ရှ်သတင်းစာတွေက ဆိုပါတယ်။
ဗုံးကွဲမှုမှာ မိန်းခလေးငယ်တဦးနဲ့ ရဲ ၂ဦး ဒဏ်ရာရှိကြောင်း၊ မိန်းခလေးငယ်ဟာ သေဆုံးသူနဲ့ ဆက်စပ်မှုရှိမရှိ မပြောနိုင်သေးကြောင်းသိရပါတယ်။
ရဲတပ်ဖွဲ့ အဆိုအရ မူဆာဆိုသူ အကြမ်းဖက်သမားပုန်းအောင်နေရာကို ရဲတပ်ဖွဲ့က ဝိုင်းရံခဲ့ကြောင်း၊ အထဲတွင် လူ၇ဦး ပုန်းအောင်းနေပြီး အမျိုးသမီး ၂ဦးနဲ့ ကလေး ၂ဦး အပြင်ထွက်လာချိန် လက်နက်ချ ခိုင်းရာမှ ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်