သတင်းတို

အစိုးရ ဝက်ဘ်ဆိုဒ်များ တိုက်ခိုက်ခံရမှု လူ၉ ဦးကို ထိုင်းရဲဖမ်းဆီး

ထိုင်းအစိုးရနှင့် လုံခြုံရေးဌာနများ၏ ဝက်ဘ်ဆိုဒ်များကို တိုက်ခိုက်ခဲ့သည်ဟု သံသယရှိသူ ၉ဦးကို ဖမ်းဆီးလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီး ပရာဝစ်ဝေါင်ဆူဝမ်က ဒီကနေ့ ပြောလိုက်ပါတယ်။

“အစိုးရဝက်ဘ်ဆိုဒ်တွေကို တိုက်ခိုက်တာ ခွင့်မပြုနိုင်ဘူး၊ လူတော်တော်များများကို အရေးယူဖို့ရှိ တယ်”လို့ သူက ဆိုပါတယ်။

အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဝက်ဘ်ဆိုဒ်တွေ တိုက်ခိုက်ခံရတဲ့ကိစ္စမှာ လူပေါင်း ၁၀၀ခန့် ပါဝင်နေတယ် လို့ ယုံကြည်ပြီး၊ အခုလိုဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်လိမ့်မယ်လို့ လည်းပြောပါတယ်။

အခုလို ဖမ်းဆီးမှုဟာ အသစ်ပြင်ဆင်လိုက်တဲ့ ဆိုက်ဘာရာဇဝတ်နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းကို အမျိုးသား ဥပဒေပြုလွှတ်တော်က အတည်ပြုလိုက်ပြီးနောက်ဖြစ်ပေါ်လာတာတွေဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီဖမ်းဆီးထားတဲ့ လူတွေဆီက သေနတ်တွေ ကျည်ဆန်တွေကိုလည်း သိမ်းဆည်းရမိထား တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကဆိုကြောင်း The National သတင်းက ဆိုပါတယ်။

Loading