သတင်းတို

ထိုင်းစစ်တပ် လက်နက်ဂိုဒေါင် ပေါက်ကွဲမှုဖြစ်

ထိုင်းနိုင်ငံ လော့ဘူရီခရိုင် အမှတ် ၄ စစ်လက်နက်နှင့် ခဲယမ်းမီးကျောက် သိုလှောင်ရေးဂိုဒေါင်တခု မှာ ယနေ့နံနက် ပေါက်ကွဲတရပ်ဖြစ်ပွားကြောင်း Bangkok Post သတင်းက ဆိုပါတယ်။

ပထမဆုံးပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက် နောက်ဆက်တွဲပေါက်ကွဲများ ဆက်တိုက်ဖြစ်ပွားရာ ကောင်းကင်ယံကို တက်လာသည့် အဖြူရောင် မီးခိုးများ ကို အဝေးမှပင်မြင်ရကြောင်း စစ်သားများနှင့် ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီး Thairath Online သတင်းကလည်း ရေးသားပါတယ်။

မိနစ် ၃၀ခန့်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး၊ အသေအပျောက်နဲ့ ဒဏ်ရာရရှိသူမရှိကြောင်း၊ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

Loading