သတင်းတို

အိန္ဒိယက အဂ္ဂနိ-၅ တိုက်ချင်းပစ်ဒုံးပျံ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယက နျူကလီးယားထိပ်ဖူးများသယ်ဆောင်နိုင်သည့် အဂ္ဂနိ- ၅ တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ မနေ့မနက် ဒေသစံတော်ချိန် ၁၀နာရီခွဲခန့်က နိုင်ငံအရှေ့ဘက် ကမ်းခြေရှိ Kalam ကျွန်းမှနေ၍ စမ်း သပ်ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ် နရိန္ဒြာမိုဒီ အဂ္ဂနိ-၅ ဒုံးပျံပစ်လွှတ်နိုင်လိုက်ခြင်းဟာ တိုင်းပြည်ကာကွယ်ရေးအတွက် အလွန်တရာကြီးမားတဲ့ အင်အားတခုဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အလားတူ အိန္ဒိယကာကွယ်ရေးဝန်ကြီး ပရမ်နက် မူကာဂျီကလည်း သူရဲ့ Twitter စာမျက်နှာမှာ အဂ္ဂနိ -၅ တိုက်ချင်းပစ် ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်တဲ့အတွက် အိန္ဒိယသိပ္ပံပညာ အပေါင်းကို ဂုဏ်ပြုကြောင်း၊ အိန္ဒိယရဲ့ ကာကွယ်ရေးစွမ်းရည်ကို ဆက်လက်မြှင့်တင်မှာဖြစ်ကြောင်း ရေးသားထားပါတယ်။

အိန္ဒိယဟာ လတ်တလောမှာ အဂ္ဂနိ (မီးနတ်)လို့ အမည်ပေးထားတဲ့ တိုက်ချင်းပစ်ဒုံးပျံများကို စမ်းသပ်နေရာ မိုင် ၄၃၀ကျော်အထိ ပစ်လွှတ်နိုင်သည့် အဂ္ဂနိ -၁၊ မိုင်၁၂၄၀ကျော် အထိပစ်လွှတ် နိုင်သည့် အဂ္ဂနိ -၂၊ မိုင် ၁၅၀၀ကျော် အထိပစ်လွှတ်နိုင်သည် အဂ္ဂနိ- ၃၊ မိုင် ၂၂၀၀နီးပါး ပစ်လွှတ်နိုင်သည် အဂ္ဂနိ- ၄ တို့ကို ပိုင်ဆိုင်ထားပြီး၊ အဂ္ဂနိ- ၅ ကတော့ ပါကစ္စတန်နဲ့ တရုတ်ပြည်အထိ ပါ ပစ်ခတ်နိုင်တယ်လို့ သိရပါတယ်။

အိန္ဒိယနဲ့ ပြိုင်ဘက် ပါကစ္စတန်ကလည်း မိုင် ၁၇၀၀ခန့် အကွာအဝေးကို ပစ်ခတ်နိုင်သည့် နျူကလီးယား ထိပ်ဖူးတပ် တာလတ်ပစ် တိုက်ချင်းပစ်ဒုံးပျံ Shaheen- III ကို ပြီးခဲ့သည့် ၂၀၁၅ ဒီဇင်ဘာလက ပစ်လွှတ်စမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading