ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပင်လယ်နက်ထဲ ပျက်ကျခဲ့သည့် တူပိုလက်ဖ် အမျိုးအစား ရုရှားစစ်ဘက်ဆိုင် ရာ လေယာဉ် Tu-154 ရဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကရိယာ(Black Box) ကို ရုရှားရေငုပ် သမားများက ရှာတွေ့ပြီဖြစ်ကြောင်း ရုရှားတပ်စ်သတင်းဌာနကဆိုပါတယ်။
“Black Box ကို ကေဗင်ခန်းရဲ့ အောက်က ရှာတွေ့ခဲ့တယ်၊ မကြာခင်မှာ ဒါကို သယ်ယူကြလိမ့်မယ်” လို့ ရုရှားစစ်ဘက်ဆိုင်ရာပြောဆိုချက်ကို ကိုးကားပြီး ရေးသားထားပါတယ်။
ဒါအပြင် အလောင်း ၁၂လောင်းခန့်ကိုလည်း နောက်ထပ်ရှာဖွေတွေ့ရှိထားကြောင်း၊ ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေလည်းသိရပါတယ်။
ပြီးခဲ့တနင်္ဂနွေနေ့က ရုရှားစစ်ဘက်လေယာဉ် Tu-154 ဟာ ခရီးသည် ၉၁ဦးကိုတင်ဆောင်က မော်စကိုမှ ဆီးရီးယားနိုင်ငံ လာကီတာလေဆိပ်သို့ ပျံသန်းစဉ် ပင်လယ်နက်ဒေသမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
ဤဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေရာ အကြမ်းဖက်ခံတဲ့လက္ခဏာမတွေ့ရ ကြောင်း၊ မောင်းနှင်သူရဲ့ အမှားသို့မဟုတ် စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်နိုင်ကြောင်း မူလက သုံးသပ်ထားပါတယ်။