သတင်းတို

ဂျပန်ဝန်ကြီးချုပ် ပုလဲဆိပ်ကမ်းသို့ သွားရောက် ဂါရဝပြု

Want create site? Find Free WordPress Themes and plugins.

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်းမှာ ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးဟာ သမ္မတ အိုဘားမားနဲ့အတူ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပုလဲဆိပ်ကမ်းရှိ အမေရိကန် စစ်သင်္ဘော အရီဇိုးနား နစ်မြုပ်ရာနေရာမှာ ပြုလုပ်ထားတဲ့ အထိမ်းအမှတ်ဗိမ္မာန်ကို သွားရောက်ကာ ဂါရဝပြုဆုတောင်းမှု ပြုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်က “ကျနော်တို့ နောက်ထပ် စစ်အနိဌာရုံတွေကို မလိုလားဘူး၊ သည်းခံနိုင်တဲ့စိတ်နဲ့ ကျော်ဖြတ် ရမယ်”လို့ ဆိုသွားပါတယ်။

ပုလဲဆိပ်ကမ်းကို စစ်ပြီးနောက် ဂျပန်ခေါင်းဆောင်တချို့လာရောက်ကြသော်လည်း အထိမ်းအမှတ် နေရာကို လာရောက် ဂါရဝပြုတာကတော့ ဝန်ကြီးချုပ် အာဘေးဟာ ပထမဆုံး ဖြစ်ပါတယ်။

သမ္မတအိုဘားမားဟာလည်း သူ့ရဲ့နောက်ဆုံးခရီးစဉ်အဖြစ် ဂျပန်နိုင်ငံ ဟီရိုရှီးမားကို သွားရောက်ခဲ့ပြီး နောက် အပြန်အလှန်အားဖြင့် ဂျပန်ဝန်ကြီးချုပ်က ပုလဲဆိပ်ကမ်းကို လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။

“ ဝန်ကြီးချုပ်ရဲ့ ချစ်ကြည်ရင်းနှီးလိုတဲ့ စိတ်ဓာတ်နဲ့ လာရောက်တာကို ကျနော်ကြိုဆိုပါတယ်၊ ကျနော်တို့ အတူတကွ စစ်ထက် ငြိမ်းချမ်းရေးကိုပိုလိုလားတယ်ဆိုတာကို ကမ္ဘာကို စကားလက်ဆောင်ပါးချင်ပါတယ်”လို့ သမ္မတ အိုဘားမားကလည်း ဆိုပါတယ်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ ပုလဲဆိပ်ကမ်းကို ဂျပန်တို့က အလစ်ဝင်ရောက် ဗုံးကြဲကာ အာရှဒေသမှာပါ ဒုတိယကမ္ဘာစစ် ကူးစက်ခဲ့တာဟာ ၇၅နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဟိုနိုလူလူမြို့ အမေရိကန်စစ်သချုၤိင်း National Memorial Cemetery of the Pacific အပါအဝင် အထိမ်းအမှတ် နေရာတချို့ဆီကိုလည်း သွားရောက်ခဲ့ပါသေးတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading