ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပင်လယ်နက်မှာ ပျက်ခဲ့တဲ့ ရုရှားစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် Tu- 154 ၏ ဒုတိယမြောက် လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကရိယာ(Black Box) တလုံးကို ရုရှားရေငုပ် သမားက ဆယ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မနေ့ကလည်း Black Box တလုံးကို ရှာဖွေဆယ်ယူပြီး မော်စကိုမြို့သို့ စစ်ဆေးဖို့ ပို့ဆောင်ထား ပါတယ်။
အလားတူ လေယာဉ်ပျက်အစီး အပိုင်းကြီး ၁၂ပိုင်းနဲ့ အပိုင်းအစငယ် ၁၅၄၇ ခုအပြင် အလောင်း ၁၅လောင်းနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း ၂၃၉ခု ကိုလည်း ရှာဖွေရရှိထားပြီးဖြစ်ကြောင်း ရုရှားကာကွယ် ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
အလောင်း ၁၃လောင်းနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း ၁၆၈ ခုကိုတော့ မော်စကိုမြို့ကို DNA စစ်ဆေးဖို့ ပို့ထားပြီးပြီဖြစ်ကြောင်း သိရပါတယ်။
တူပိုလက်ဖ် အမျိုးအစား ရုရှားစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် Tu- 154 ဟာ ရုရှားတပ်မ တော် ဖျော်ဖြေရေးအဖွဲ့ဝင်များ၊ သတင်းစာဆရာများ၊ အကူအညီပေးရေးအလှူရှင်များနှင့် လေယာဉ်အမှုထမ်းများ စုစုပေါင်း ၉၁ဦးကို တင်ဆောင်ကာ မော်စကိုမှ ဆီးရီးယား လာကီတာလေ ဆိပ်သို့ ပျံသန်းစဉ် ပင်လယ်နက်မှာ ပျက်ကျခဲ့ခြင်းဖြစ်ပါတယ်။
ဒီလိုပျက်ကျမှုနဲ့ ပတ်သက်ပြီး လတ်တလောတွေ့ရှိချက်များအရ စက်ချို့ယွင်းမှုသို့မဟုတ် မောင်းနှင်သူ တို့၏ အမှားဖြစ်နိုင်ဖို့ ပိုမိုများပြားပြီး၊ အကြမ်းဖက်မှုဖြစ်နိုင်ချေနည်းပါးတယ်လု့ိ ပြောဆိုထားပါတယ်။