ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO)မှ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိ အမှတ် ပြုထားသည့် ပြည်မြို့ သရေခေတ္တရာ ပျူမြို့ဟောင်းသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း ပြည်ပ ခရီး သည်များ အနေဖြင့် ရှေးဟောင်းဇုန်အတွင်းရှိနေရာများကို ဆင်စီး၍ လှည့်လည်ကြည်ရှု့နိုင် တော့မည်ဖြစ်ကြောင်းသိရသည်။
ယင်းအစီအစဉ်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာနနှင့် ပြည်မြို့ သစ်ထုတ် လုပ်ရေး လုပ်ငန်းဌာနတို့ ပူးပေါင်းဆောင်ရွက်မှုတခုဖြစ်ပြီး၊ လှည့်လည်ကြည့်ရှုနိုင်သည့် လမ်းကြောင်းများကို အောက်ပါအတိုင်း ရေးဆွဲထားကြောင်း ပြည်မြို့နတ်မှော်ကွေ့တွင် ဖွင့်လှစ်ထားသည့် ဆင်စခန်း(Pyay Elephant Camp)မှထုတ်ပြန်ခဲ့သည်။
ခရီးတိုအစီအစဉ်
(၁) ခရီးအကွာအဝေး ၂.၁၄ကီလိုမီတာရှိသည့် မှော်ဇာပျူ ပြတိုက်- ဆင်ဖြူကန်- ဆင်ချီတိုင်ဘုရား- နန်းဦး စေတီ- နန်းမြို့ရိုး- နန်းတော်ရာ – မှော်ဇာပြတိုက် လမ်းကြောင်း
(၂) ခရီးအကွာအဝေး ၁.၆၃ ကီလိုမီတာရှိ သည့် မှော်ဇာပြတိုက်- ဆင်ဖြူကန်- ဘုရားထောင်ဘုရား- ထူပါရုံ- ကျောက်ချပ်ရုံ- မှော်ဇာပြတိုက် လမ်းကြောင်း
(၃)ခရီးအကွာအဝေး ၂ကီလိုမီတာရှိ ရဟန္တာကန်-ရဟန္တာဂူဘုရား- ဘောဘောကြီးဘုရား-ဘဲဘဲဂူ ဘုရား- လေးမျက်နှာဘုရား-ရဟန္တာကန်
ခရီးရှည်အစီအစဉ်အဖြစ်
ခရီးအကွာအဝေး ၄.၆ကီလိုမီတာရှိ မှော်ဇာပြတိုက်-နန်းတော်မြို့ရိုး-နန်းတော်ရာ- ကန်ဖျားကန်-ဆင်ကျုံး/ဉတေနနတ်ဆင်ကုန်း- သောင်းပြည့်ကုန်း-ကြာကန်ပေါက်- ဘဲဘဲဂူဘုရား-ဘောဘောကြီး စေတီ-ရဟန္တာကန်
စသည့် ခရီးစဉ်များကို လာရောက်လည်ပတ်သူများအနေဖြင့် ဆင်စီးကာ မကြာမီ ကြည့်ရှု့လေ့လာနိုင် ကြောင်း သိရသည်။
လတ်တလောတွင် သရေခေတ္တရာမြို့ဟောင်းသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသည်များအနေဖြင့် ပေါင်းမိုးတင်နွားလည်းများဖြင့် လှည့်လည်ကြည့်ရှု့နိုင်ရန် စီစဉ်ပေးထားသည်။
ပျူမြို့ဟောင်းများဖြစ်သည့် ပြည်မြို့အနီးရှိ သရေခေတ္တရာ၊ တောင်တွင်းကြီးမြို့ရှိ ဗိဿနိုး၊ ဟန်လင်း တို့ကို ၂၀၁၄ခုနှစ် ဇွန်လက ပြုလုပ်သည့် ၃၈ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီက ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြု ထည့်သွင်းလိုက်ခြင်းဖြစ်သည်။