အမေရိကန်က ရုရှားသံတမန်များအား နှင်ထုတ်မှုနှင့် ပတ်သက်ပြီး လက်တုံ့ပြန် သွားမယ်လို့ သမ္မတပူတင်က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ အချက်အလက်တွေကို ရုရှားကဖောက် ထွင်းခိုးယူခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရုရှားသံတမန် ၃၅ဦးကို အမေရိကန်မြေကနေ ၇၂နာရီအတွင်း ထွက်ခွာဖို့ အမိန့်ထုတ်ခဲ့သလို၊ နယူးယောက်ခ်နဲ့ မေရီလန်းမှာရှိတဲ့ ရုရှားသံတမန်များ နေထိုင်ရာ အဆောက်အဦး ၂ခုကိုလည်း သူလျိူလုပ်တဲ့နေရာတွေဖြစ်တယ်ဆိုကာ ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
ဒါဟာ သမ္မတအိုဘားမားရဲ့ အစိုးရအာဏာလွဲပြောင်းခါနီးမှာ ရုရှားနဲ့ ပတ်သက်လို့ အပြင်းထန်ဆုံးလုပ် ရပ်တခုဖြစ်ပါတယ်။
ရုရှားသံတမန်တွေကတော့ ဒီလို သူလျိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပါတယ်။
ဒ့ါအပြင် အခုလို သံတမန်များ နှင်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး ရုရှားအစိုးရ ပြောခွင့် ဒီမီထရီ ပက်စ်ကော့ဗ်က “ကျနော်တို့ သေချာပေါက် တုံ့ပြန်မှာပါ၊ အမေရိကန်အာဏာပိုင်တွေလည်း ကသိကအောက်ဖြစ်စေရ မှာပါ၊ သမ္မတကလည်း တုံ့ပြန်ဖို့ သံဓိဌာန်ချထားပါတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဒီလုပ်ရပ်ဟာ အမေရိကန်ရဲ့ ရန်လိုမှုတခုဖြစ်ပြီး၊ ရုရှားအနေနဲ့ကတော့ ပုံမှန်ဆက်ဆံ ရေးပြန် ရောက်ဖို့ မျှော်လင့်ပါတယ်လို့လည်း ဆိုပါတယ်။
မနေ့က သမ္မတအိုဘားမား၏ ရုံးမှ အမေရိကန်ရွေးကောက်ပွဲများ မော်စကိုက ဝင်ရောက်စွက်ဖက်မှု ကြောင့် ရုရှားသံတမန် ၃၅ဦးအပါအဝင် ရုရှားသံတမန်များနေထိုင်ရာ အဆောက်အအုံ ၂ခုကိုလည်း ပိတ်ပစ်လိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဇာခါရိုဗာကလည်း သူတို့ဝန်ကြီးဌာနအနေနဲ့လ်း အမေရိကန် ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။