ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဒေါ်နယ်ထရမ့်နှင့် အမေရိကန်ပြည်သူများထံသို့ နှစ်သစ်ကူးပေးပို့လိုက်ကြောင်း ရုရှားသတင်းတွေ ကဆိုပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ဒေါ်နယ်ထရမ့်နဲ့ အမေရိကန်ပြည်သူများကို ကျနော် ဝမ်းမြောက်စကားဆိုချင်ပါတယ်လို့ သမ္မတပူတင်ကနှုတ်ခွန်းဆက်လိုက်ပြီး၊ ထရမ့်ရဲ့ လက်ထက်မှာ အမေရိကန်နဲ့ ရုရှား ၂နိုင်ငံ ဆက်ဆံရေး စစ်မှန်တဲ့ ဆက်ဆံရေးပြန်စပြီး ရှေ့ဆက်နိုင်မယ်လို့ ယုံကြည် ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။
ယနေ့ကမ္ဘာကြီးမှာ ဒေသဆိုင်ရာစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပြီး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ရုရှား- အမေရိကန်ဆက်ဆံရေးဟာ အရေးကြီးတဲ့ ကဏ္ဍတရပ်ဖြစ်တယ်လို့လည်း သမ္မတပူတင်က ပြောပါတယ်။
ရုရှား- အမေရိကန်ဆက်ဆံရေးဟာ သမ္မတအိုဘားမားလက်ထက်မှာ ယူကရိန်းအရေး၊ ဆီးရီးယား အရေးတို့နဲ့ ပတ်သက်ပြီး ရုရှားအပေါ်ပိတ်ဆို့ အရေးယူမှုတွေပြုလုပ်နေရာ၊ အမေရိကန်ရွေးကောက် ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ လျို့ဝှက်သတင်းအချက်အလက်တွေကို ရုရှားက ခိုးယူတယ်ဆိုကာ ရုရှား သံတမန် ၃၅ ဦးကို နိုင်ငံမှ ၇၂နာရီအတွင်းထွက်ခွာစေပြီး၊ ရုရှားသံတမန်ဆိုင်ရာရုံး ၂ရုံးကိုလည်း ပိတ်လိုက်ပါတယ်။
အပြန်အလှန်အားဖြင့် အမေရိကန်သံတမန်များ နှင်ထုတ်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာ
သမ္မတပူတင်က “သမ္မတအိုဘားမားက ရုရှားသံတမန်တွေကို နှင်ထုတ်တယ်၊ ဒါပေမယ့် ရုရှားကတော့ ဒီလိုလမ်းကို လိုက်မှာမဟုတ်ဘူး”လို့ ပြောဆိုလိုက်ပါတယ်။