သတင်းတို

Eleven တောင်းပန်သော်လည်း အမှု ပြန်မရုပ်သိမ်းနိုင် ဟုဆို

Want create site? Find Free WordPress Themes and plugins.

The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သော “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ အာဘော်ထဲမှ အချက်အလက် တချို့ နှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် တစုံတရာ ထိခိုက်နစ်နာမှု ဖြစ်စေခဲ့သူ အားလုံးကို Eleven Media Group က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တောင်းပန်ခဲ့သော်လည်း အမှုပြန်လည် ရုပ်သိမ်းရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

“သူတို့ဘက်က တောင်းပန်တာကတော့ သူတို့ကိစ္စပါခင်ဗျ။ သူတို့ရဲ့ ဆောင်ရွက်ရမယ့် အပိုင်းကိုပဲ သူတို့ ဆောင်ရွက်တဲ့သဘော ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ပြန်လည် ရုတ်သိမ်းဖို့တော့ မရှိပါဘူး” ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမိုးဟိန်းက ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ သန်းထွဋ်အောင်၏ Facebook စာမျက်နှာတွင် ရေးသားမှုများနှင့် Eleven Media Group ၏ သတင်း စာမျက်တွင် ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့ အာဘော်ပါ စာသား တချို့ကြောင့် ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading