သတင်းတို

ထိုင်းနိုင်ငံ၌ ခရီးသည်တင် ယာဉ်၂စီးတိုက်မိ၊ ၂၅ဦးသေဆုံး

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် ဘန်းဘန်ခရိုင်က အဝေးပြေးလမ်းမမှာ ယနေ့နေ့လည်က ကား ၂စီးတိုက် မိပြီးနောက် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ၃နှစ်အရွယ် ယောက်ျားလေးတဦး အပါအဝင် လူ ၂၅ဦး သေဆုံးသွား ကြောင်း Bangkok Post သတင်းကဆိုပါတယ်။ ခရီးသည် ၁၂ဦးတင်ဆောင်ကာ Klaeng သွားမည့် ကား နှင့် ခရီးသည် ၁၅ဦးတင်ဆောင်လာသည့် ချန်သာဘူရီမှ ဘန်ကောက် သွားသည့် ကားတို့ တိုက်မိခြင်းဖြစ်ပြီး လူ ၂၅ဦးသေဆုံးကာ ၂ဦးသာ အသက်ရှင်ကြောင်း ဘန်းဘန်ဆေးရုံက ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးရက်များဖြစ်သည့် ၂၀၁၆ ဒီဇင်ဘာ ၂၉ရက်နေ့မှာ ၂၀၁၇ ဇန်နဝါရီ ၂ရက်နေ့အထိ ယာဉ်မတော်တဆမှုဖြစ်ပွားမှုပေါင်း ၂၇၁၂မှုဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၂၈၀ဦး၊ ထိခိုက်ဒဏ်ရာရသူ ၂၈၇၇ဦးရှိတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading