ဘင်္ဂလားဒေ့ရှ်စစ်တပ် က FM-90 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ ယမန်နေ့ မနက်က ကောက်စ်ဘဇားခရိုင်က အီနာနီကမ်းခြေကနေ ပစ်လွှတ်စမ်းသပ်လိုက်ကြောင်း ဘင်္ဂလား ဒေ့ရှ် သတင်းစာ ဒါကာထရီဗြွန်း က ဆိုပါတယ်။
အဆိုပါ FM-90 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဟာ တရုတ်လုပ် HQ-7ကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်ပြီး၊ ၁၅ ကီလိုမီတာအကွာအဝေးရှိ ရန်သူလေယာဉ်နှင့် ခရုစ်ဒုံးပျံများကို ပစ်ခတ်နိုင်သည့် တာတိုပစ်ဒုံးကျည် ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတော့ FM-90 ဒုံးကျည်များကြောင့် သူတို့နိုင်ငံရဲ့ လေကြောင်းရန် ကာကွယ် ရေးစနစ်ကို များစွာ အထောက်အကူပြု ကြီးမားစေတယ်လို့ ဆိုလိုက်ပြီး၊ ဒီဒုံးကျည်တွေဟာ ဘင်္ဂလား ဒေ့ရှ် ရေတပ်နဲ့ လေတပ်အတွက် အားထားရတဲ့ လက်နက်များဖြစ်တယ်လို့ ဆိုပါတယ်။
FM-90 ဒုံးပျံစမ်းသပ်မှုကို ဗိုလ်ချုပ်ကြီး Abu Belal Muhammad Shafiul Huqနှင့် အခြားသော စစ်ဘက်ဆိုင်ရာအရာရှိကြီးများက ကြီးကြပ်ကာ Adhoc လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။