ရုရှားရေတပ်မှ အက်ဒမိုင်ရယ် ထရိုင်ဘတ်စ် အမည်ရှိ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်သင်္ဘောနှင့် လောင်စာဆီတင်သင်္ဘော ဘောရစ် ဘူတိုမာ တို့ဟာ မနေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ဆိုက် ရောက်လာခဲ့ပါတယ်။ ဒါဟာ သမ္မတဒူတာတေးလက်ထက်မှာ ပထမအကြိမ် ဖိလစ်ပိုင်သို့ ရုရှား ရေတပ်သင်္ဘောတွေ လာရောက်ခြင်းဖြစ်ပါတယ်။
ရုရှားစစ်သင်္ဘောများ စေလွှတ်ရခြင်းရည်ရွယ်ချက်မှာ နှစ်နိုင်ကြား အကြမ်း ဖက်မှု တိုက်ဖျက်ရေးနှင့် ပင်လယ်ဓားပြရန်မှ ကာကွယ်ရေးနှင့် ပတ်သက်၍ နည်းဗျူဟာများကို ဖလှယ်ရန် တို့ဖြစ်ကြောင်းသိရပါတယ်။
ဒါအပြင် ရုရှာအနေနဲ့ အနာဂတ်ကာလမှာလည်း ဖိလစ်ပိုင်နဲ့ ပူးတွဲပြီး စစ်ရေးလေ့ကျင်မှုပြုလုပ်ဖို့ ကိုလည်း လိုလားနေပါတယ်။
“ကျနော်တို့ ဘာတွေလုပ်နိုင်တယ်ဆိုတာကို မိတ်ဆွေဖိလစ်ပိုင်တွေကို ပြသမှာ ဖြစ်သလို၊ သူတို့ဘာ တွေ လုပ်နိုင်တယ်ဆိုတာလည်း ကျနော်တို့ကို ပြသပါလိမ့်မယ်၊ အနာဂတ်မှာ ကျနော်တို့ စစ်ရေးပူးတွဲ လေ့ကျင့်ဖို့ ရှိကောင်းရှိနိုင်တယ်၊ အကြမ်းဖက်နဲ့ ပင်လယ်ဓားပြရန်နဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ သိထားသမျှကို ဖလှယ်နိုင်မှာပါ ” လို့ မနေ့က ပြု လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားရေတပ် ပစ္စဖိတ်တပ်တော်စုမှ လက်ထောက် ကွန်မင်ဒါ ဗိုလ်ချုပ်ကြီး Eduard Mikhailov က ပြောပါတယ်။
မကြာမီနှစ်အနည်းငယ်အတွင်း တောင်တရုတ်ပင်လယ်တွင် ရုရှား -ဖိလစ်ပိုင်သာမက ရုရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ မလေးရှားစသည့်နိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကောင်း ပြုလုပ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ရုရှားစစ်သင်္ဘောတွေဟာ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်စတဲ့နိုင်ငံများဆီကို ပြီးခဲ့တဲ့နှစ်ကစတင်ကာ လည်ပတ်မှုတွေကို ပြုလုပ်နေတာကိုတွေ့ရပါတယ်။
ရုရှားစစ်သင်္ဘောများ လာရောက်လည်ပတ်ခြင်းနှင့် ပတ်သက်၍ ဖိလစ်ပိုင်ရေတပ်ကလည်း ကြိုဆို ကြောင်းပြောဆိုခဲ့ပြီး၊ ဒါဟာ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ရုရှားကို သွားရောက်ပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ ခရီးစဉ်ဖြစ်ပါတယ်။
ပြီးခဲ့တဲနှစ် နိုဝင်ဘာလမှာ သွားရောက်ခဲ့တဲ့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးရဲ့ ရုရှားခရီးစဉ်မှာ ဖိလစ်ပိုင်- ရုရှားစစ်ရေးပူးပေါင်ဆောင်ရွက်ဖို့လည်းပါရှိပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ သမ္မတဒူတာတေးလက်ထက်မှာ အစဉ်အလာမဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ ဆက်ဆံရေးယို့ယွင်းခဲ့ပြီးနောက်မှာ တရုတ်၊ ရုရှားစတဲ့နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်လာတာ ကိုတွေ့ရပါတယ်။