သတင်းတို

ချင်းပြည်နယ် အမတ် ဦးဟွန်းခဲန် ယာဉ် မတော်မဆမှုကြောင့် ကွယ်လွန်

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်၊ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဟွန်းခဲန်သည် ယာဉ် မတော်တဆမှုကြောင့် ယနေ့နံနက် ၃ နာရီ ၄၀ မိနစ်တွင် မင်းတပ်မြို့ ပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။

အသက် ၃၈ နှစ်အရွယ် ဦးဟွန်းခဲန်သည် ဇန်နဝါရီ ၅ ရက် ညနေ ၆ နာရီခန့်က မတူပီမြို့တွင် ၎င်းစီးနင်းလာသော မော်တော်ဆိုင်ကယ်ကို ကားတစီးက ဝင်တိုက်ခံရမှုကြောင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ညတွင်းချင်း မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန် ထွက်ခွာလာစဉ် မင်းတပ်မြို့ ပြည်သူ့ဆေးရုံ အရောက် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

“မတူပီမှာတော့ ၁ နာရီနီးပါး အရေးပေါ်ကုတယ်။ မနိုင်ဘူးဆိုတာ ဆုံးဖြတ်တော့ မန္တလေး ပို့ဖို့ဆုံးဖြတ်ပြီး ၇ နာရီ ၂၀ မိနစ် မှာ ချက်ချင်းပို့ပေမယ့် မင်းတပ် အရောက်ဆုံးတာ။ ခရီးတထောက် မင်းတပ်ဆေးရုံမှာ ဆရာဝန်တွေ အင်အားအပြည့်နဲ့ စောင့်နေတာ။ ဒါပေမယ့် ဆေးရုံအရောက်မှာပဲ ဆုံးသွားတာ” ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဧရာဝတီကို ပြောသည်။

ဦးဟွန်းခဲန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု အနေဖြင့် မတူပီမြို့နယ်၊ မဲဆန္ဒနယ်မြေ အမှတ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading