မလေးရှားနိုင်ငံမှ NGOsများက မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမရှိပဲ ရခိုင်ပြည်နယ်ရှိ ထောက်ပံရေးရေယာဉ်များ စေလွှတ်မည့်ကိစ္စနှင့် ပတ်သက်ပြီး အစိုးရ နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဤသို့ ထုတ်ပြန်လိုက်ပါသည်။
၁။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အသိုင်းအဝိုင်းတစ်ခုအား ထောက်ပံ့ရန် မလေးရှားနိုင်ငံ NGOsများ၏ အထောက် အပံ့ရေယာဉ်များ စေလွှတ်မည့် သတင်းများနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံရှိ မလေးရှားသံရုံးအား အကြောင်းကြားခဲ့သည်။
၂။ ယင်းသို့ အကြောင်းကြားရာတွင် ရန်ကုန်မြို့ရှိ မေလေးရှားသံရုံး အနေဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အသိုင်းအဝိုင်းတစ်ခုအား ကူညီရန် အထောက်အပံ့ရေယာဉ်များ စေလွှတ်ရန် စီစဉ်နေသော မလေးရှား NGOs များ၏ သတင်းများနှင့် ပတ်သက်၍ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရေး အလေးပေး ဆောင်ရွက်နေခြင်းအပေါ် ဝမ်းမြောက်မိကြောင်း။
၃။ အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ခွဲခြားမှု မရှိဘဲ ပေးပို့လာမည့် လူ့သားချင်းစာနာထောက်ထားမှု အကူအညီများကို မြန်မာနိုင်ငံက ဝမ်းမြောက် ကြိုဆိုပါကြောင်း၊ ထောက်ပံ့ကူညီလိုသည့် အာဆီယံနိုင်ငံများအနေဖြင့် လျော် ကန်သင့်မြတ်သည့် သံတမန် လမ်း ကြောင်းများမှတစ်ဆင့် အဆိုပြုချက်များ တင်ပြ ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ်သို့ လှူဒါန်းလိုသည့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများအား ငွေသား သို့မဟုတ် အလားတူ ကူညီမှုများကို သံတမန်လမ်းကြောင်း ဖြင့်သာ ပေးအပ်ကြရန် ဇန်နဝါရီလ ၂ ရက်၊ ရက်စွဲပါ စာအမှတ်၊ ၃၁ ၄၆ (၀၁)/၂၀၁၇ (၁၂) ဖြင့် ရန်ကုန်မြို့ တွင် အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း။
၃။ အင်ဒိုနီးရှားနိုင်ငံအစိုးရက သံတမန်လမ်းကြောင်းမှတစ်ဆင့် လှူဒါန်ခဲ့သော လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကူအညီများကို ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်း နှစ်ခုစလုံးသို့ ထောက်ပံ့ပေးပို့နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အင်ဒိုနီးရှားသံရုံးနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။ အလားတူ အာဆီယံ အစိုးရများ သို့မဟုတ် အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့် အကူအညီ လိုအပ် နေသည့် ရခိုင်ပြည်နယ်ရှိ ဒေသများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ် လိုပါက အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ဖြစ်သည့် မလေးရှားနိုင်ငံအနေဖြင့်လည်း အင်ဒိုနီးရှားနိုင်ငံကို ဥပမာပြု၍ ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း။
၄။ ထို့ကြောင့် NGOs အဖွဲ့အစည်းများမှ မြန်မာနိုင်ငံအစိုးရ၏ ကြိုတင်ခွင့်ပြုချက် မရယူဘဲ ဝင်ရောက်ခွင့် ပြုမထားသော အထောက်အပံ့ရေယာဉ်များ စေလွှတ်မည့် သတင်းများအပေါ် တားဆီးရန်အတွက် မလေးရှား နိုင်ငံ အစိုးရမှ လိုအပ်သည့် နည်းလမ်းများ ဆောင်ရွက်ပေးသွားမည် ဆိုပါက ကျေးဇူးတင်ရှိမည်ဖြစ်ကြောင်း မလေးရှား သံရုံးအား အကြောင်းကြားထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။