အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာဗီယက်နမ်ကို ရောက်ရှိလာပြီး ဒီကနေ့မှာ ဝန်ကြီးချုပ် Nguyen Xuan Phuc အပါအဝင် တခြားသော ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Sonနဲ့ လည်းတွေ့ဆုံခဲ့ သလို၊ ဗီယက်နမ်လူငယ်တွေနဲ့ တွေ့ဆုံဖို့ ဟိုချီမင်းမြို့ကို ထွက်ခွာသွားခဲ့ပါတယ်၊ မနက်ဖြန်မှာတော့ မဲခေါင်မြစ်ဝကျွန်းပေါ်မှာရှိတဲ့ Ca Mau မြို့ကိုလည်း သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာပြုလုပ်မယ့် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးနဲ့ ပတ်သက် လို့ ပြုလုပ်မယ့် အစည်းအဝေးနဲ့ လန်ဒန်မြို့မှာတော့ နိုင်ငံခြားရေးအတွင်းဝန် ဘောရစ်ဂျွန်ဆင်နဲ့ တွေ့ဆုံကာ ဆီးရီးယားအရေးဆွေးနွေးမှာဖြစ်ပါတယ်။
အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်လက်ထက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရက်ဇ် တယ်လားဆွန်က ဆက်ခံမှာဖြစ်ပါတယ်။