တရုတ်က သိမ်းထားတဲ့ Terrex AV 81အမျိုးအစား စစ်သည်တင်သံချပ်ကာယာဉ်များ ၉စီးကို ချက်ခြင်းပြန်ပို့ ပေးဖို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကတောင်းဆိုလိုက်ပါတယ်။
အဆိုပါ သံချပ်ကာကားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ထိုင်ဝမ်နိုင်ငံကိုသွားရောက်ကာ ပုံမှန်လေ့ကျင့်မှုပြုလုပ်ပြီး စင်ကာပူသို့ ပြန်ပို့စဉ် တရုတ်နိုင်ငံ ဟောင်ကောင်အကောက်ခွန်က သိမ်း ဆည်းခဲ့ခြင်းဖြစ်ပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lu Kang ကတော့ စင်ကာပူနိုင်ငံအနေနဲ့ တရုတ် ပြည် တပြည်ထဲဆိုတဲ့ ပေါ်လစီကို လေးစားလိုက်နာမယ်လို့ မျှော်လင့်တဲ့အကြောင်း၊ ဒါဟာ တရုတ်နဲ့ တခြားသောတိုင်းပြည်တွေအကြားမှာမရှိမဖြစ်လိုအပ်ကြောင်း၊ စင်ကာပူအနေနဲ့ ဟောင်ကောင်ဥပဒေ ကိုလေးစားလိုက်နာမယ်လို့ မျှော်လင့်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဒါအပြင် ဟောင်ကောင်အာဏာပိုင်တွေကလည်း ဒီအဖြစ်အပျက်ကို စုံစမ်းနေပြီး အချိန်ယူရမယ်လို့ဆို ပါတယ်။
စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen ကတော့ ဒီသံချပ်ကာယာဉ်တွေဟာ စင်ကာပူအစိုးရပိုင် ဖြစ်ပြီး၊ နိုင်ငံတကာဥပဒေနဲ့အညီ ပြန်လည်ရယူသွားမယ်၊ ဟောင်ကောင်အကောက်ခွန်ဌာနဟာ သူတို့ပြဌာန်း ထားတဲ့ အကောက်ခွန်ဥပဒေရော နိုင်ငံတကာဥပဒေကိုပါ ချိုးဖောက်တာလို့ ပြန်လည် တုံ့ပြန်လိုက်ပါတယ်။