သတင်းတို

တနင်္သာရီမြို့နယ်အတွင်း လူဦးရေ ၇၀၀ ခန့် ရေဘေးဒဏ်ခံစားနေရ

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းသည့်အတွက် တောင်ကျချောင်း ရေများကြောင့် အိမ်ထောင်စု ၁၄၁ စု၊ လူဦးရေ ၇၀၀ နီးပါး ရေကြီးနစ်မြုပ်မှု ဒဏ်ကို ခံစားနေရ ကြောင်း မြိတ်ခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက သတင်းရရှိသည်။

မြန်မာ-ထိုင်းနယ်စပ် မောတောင်ဒေသနှင့် ချောင်းလမုကျေးရွာ၊ တာပလပ်ကျေးရွာ ပတ်ဝန်းကျင် တွင် ဇန်နဝါရီ ၉ ရက်နေ့ကစတင်ကာ ရေနစ်မြုပ်မှုကြုံတွေ့ခဲ့ရာ ယနေ့အထိ ဆက်လက် နစ်မြုပ်နေဆဲဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူး ဒေါ်နွေးနွေးစိုးက “မောတောင် ဘက်တော့ ရေနည်းနည်းပြန်ကျပြီ၊ ချောင်းလမု၊ တာပလပ် ဘက်ကတော့ ရေကတန့်နေတဲ့ အခြေအနေရှိတယ်၊ လက်ရှိအဓိကလိုအပ်နေတာက သောက်သုံးရေပဲ၊ သူတို့ရေတွင်း တော်တော်များများ ရေမြုပ်သွားတော့ မသန့်တော့ဘူး”ဟု ဧရာဝတီသို့ပြောသည်။

ရေကြီးနစ်မြုပ်နေသည့် နေရာများသို့ တိုင်းဒေသကြီးအစိုးရမှ ကယ်ဆယ်ရေးနှင့် ငွေကြေး၊ ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပေးပို့လျက်ရှိပြီး မောတောင်ဒေသမှာ တနင်္သာရီမြို့မှ ၆၇ မိုင်ခန့် ကွာဝေးပြီး ချောင်းလမု၊ တာပလပ်ကျေးရွားများမှာ ၂၃ မိုင်ခန့်ကွာဝေးသည့် နေရာတွင် တည်ရှိ သည်။

မောတောင်ဒေသနှင့်ဆက်စပ်နေသည့် ထိုင်းနိုင်ငံ ပရာကျွတ်ခရီခန်းခရိုင်အပါအဝင် ထိုင်းတောင် ပိုင်းနေရာတော်တော်များတွင်လည်း မိုးရွာသွန်းမှုများခြင်းကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစာရလျက်ရှိသည်။

တနင်္သာရီမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုများ

တနင်္သာရီမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုများကြောင့် နီးစပ်ရာဘုန်းကြီးကျောင်းအချို့တွင် ယာယီ ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ခဲ့ပြီး ရေနစ်မြုပ်မှုကြောင့် လူသေဆုံးမှုမရှိသေးကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ယနေ့ထုတ်ပြန်သည့် ပင်လယ်ပြင်ခရီးမိုးလေဝသ ခန့်မှန်းချက် တွင် ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတလျောက် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်း ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading