အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ပူတင်နဲ့ ထိပ်သီးဆွေးနွေးပွဲတခု ပြုလုပ်လို ကြောင်း ပြောဆိုတယ်လို့ ဗြိတိန်အခြေစိုက်The Sunday Times သတင်းကဆိုပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲကို အိုက်စလန်နိုင်ငံ ရေဂျာဗစ်မြို့မှာ ပြုလုပ်ဖို့ ရည်မှန်းထားပြီး၊ ဒါဟာ ဒေါ်နယ်ထရမ့်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်လာမှာဖြစ်ပြီး၊ နျူကလီးယားထိန်းချုပ်ရေးကိစ္စနဲ့ ရုရှား- အမေရိကန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ဖို့ လည်း ပါဝင်မယ်လို့ သိရပါတယ်။
လန်ဒန်ရှိရုရှားသံတမန်တွေနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းကတော့ မော်စကိုအနေနဲ့ ပူတင်နဲ့ ထရမ့် အကြား ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးကို သဘောတူလက်ခံလိမ့်မယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၉၈၆ခုနှစ် အမေရိန်- ဆိုဗီယက်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို အိုက်စလန်နိုင်ငံ ရေဂျာဗစ်မြို့မှာပြုလုပ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ဒေါ်နယ်ထရမ့်ရဲ့ လက်ထောက် ၂ဦးကတော့ The Sunday Times သတင်းဖော်ပြချက်ကို ငြင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်နယ်ထရမ့်နဲ့ ဝေါစထရိဂျာနယ်တို့ တနာရီကြာ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ ရုရှားအပေါ် သမ္မတအိုဘားမား အစိုးရအဖွဲ့က မကြာသေးမီက ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုကို အချိန်ကာလ အတိုင်းအတာတခုအထိ ဆက် လက်ထားရှိဖို့ ပြောကြားလိုက်ပြီး၊ ရုရှားဘက်က ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ အရေးယူမှုတွေ ကို ရုပ်သိမ်းကောင်း ရုပ်သိမ်းမယ်လို့လည်း ဆိုလိုက်ပါတယ်။
၂၀၁၄ခုနှစ်မှာ ရုရှားက ယူကရိန်းပိုင်နက် ခရိုင်းမီးယားဒေသကို သိမ်းပိုက်လိုက်တဲ့အတွက် အမေရိ ကန်က စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ထားတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက်စွက်ဖို့ ကြိုးစားတဲ့အတွက် ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံချမှတ်ခဲ့ပြီး ရုရှားသံတမန် တွေကိုလည်း နှင်ထုတ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ယခုလအတွင်းမှာပဲ အမေရိကန်သမ္မတအသစ်ဖြစ်မယ့် ဒေါ်နယ်ထရမ့်ဟာ ရုရှား သမ္မတပူတင်နဲ့ ရင်းနှီးလိုစိတ်ရှိသူဖြစ်တာကို တွေ့ရပေမယ့်၊ သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် တဲလ်ဆွန်းနဲ့ ကာကွယ်ရေးဝန်ကြီး ဂျိမ်း မက်တစ်တို့ကတော့ ရုရှားအန္တရာယ်ကို ထောက်ပြပြောဆို မှု့ တွေရှိနေပါတယ်။