တူရကီနိုင်ငံ အစ္စတန်ဘူလ်မှ ဟောင်ကောင်သို့ ပျံသန်းသည့် တူရကီ My Cargo လေကြောင်းလိုင်းမှ ဘိုရင်း ၇၄၇ ကုန်တင် လေယာဉ်တစီး ဟာ အာရှအလယ်ပိုင်းဒေသ ကာဂျီကစ္စတန်မြို့တော် Bishkek အနီးမှာ ဆင်းသက်ရန်ကြိုးစားစဉ် ကျေးရွာတရွာပေါ် ပျက်ကျသွားတဲ့အတွက် လူအနည်းဆုံး ၃၇ဦး သေဆုံးသွားပါတယ်။
အဆိုပါလေယာဉ်ဆင်းသက်စဉ်မျာ မြူနှင်းထူထပ်နေချိန်ဖြစ်ပြီး၊ လေယာဉ်နဲ့ ထိခိုက်မိတဲ့အတွက် အိမ်ပေါင်း ၃၂အိမ်ခန့် ပျက်စီးခဲ့ကြောင်း ကာဂျီကစ္စတန် အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လေယာဉ်ပေါ်မှာ အမှုထမ်း ၄ဦးလိုက်ပါလာပြီး ၎င်းတို့လည်း သေဆုံးသွားကြောင်းသိရပါတယ်။
လက်ရှိ ကာဂျီကစ္စတန်မြို့တော် Bishkekရှိ လေယာဉ်ကွင်းမှာ လေယာဉ်အဆင်းအတက် အားလုံး ရပ်ဆိုင်း ထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကလည်း အင်ဒိုနီးရှားလေတပ်က ကုန်တင်လေယာဉ်တစီးဟာ မီဒန်မြို့က ကျေးရွာပေါ်ကို ပျက်ကျတဲ့အတွက် လူပေါင်း ၂၂ဦးခန့် သေဆုံးခဲ့ရပါတယ်။