သတင်းတို

ကလေး ၂ ဦးကို မဖွယ်မရာပြုကျင့်သူကို ထောင်ဒဏ် နှစ် ၄၀ ပြစ်ဒဏ်ချမှတ်

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သည့် အသက် ၇ နှစ်နှင့် ၄ နှစ်အရွယ် ကလေး ၂ ဦးကို မဖွယ်မရာ ပြုကျင့်ခဲ့သူ အသက် ၄၀ အရွယ် လှထွေး (ခ) ကျင်ဝှက်ကိို ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ အရ ထောင်ဒဏ် နှစ် ၂၀ နှင့် ပုဒ်မ ၃၇၇ အရ ထောင်ဒဏ် နှစ် ၂၀ ဖြင့် စုစုပေါင်း ပြစ်ဒဏ် နှစ် ၄၀ တပေါင်းတည်း ကျခံစေရန် ဇန်နဝါရီ ၁၃ ရက်က မန္တလေး ခရိုင် တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းကြောင်း သိရသည်။

မန္တလေးခရိုင်ရဲတပ်ဖွဲ့ရုံးက တာဝန်ရှိသူ တဦးက “ တမှုကို နှစ် ၂၀ စီနဲ့ တပေါင်းတည်းပြစ်ဒဏ် နှစ် ၄၀ ချမှတ်လိုက်တာပါ။ ဇန်နဝါရီ ၁၃ ရက်နေ့က အမိန့်ချလိုက်ပါတယ်”ဟု ပြောသည်။

တရားခံ လှထွေး (ခ) ကျင်ဝှက်သည် နိုဝင်ဘာ ၂၇ ရက်နေ့က ချမ်းအေးသာစံမြို့နယ်  ၃၄ လမ်းနှင့် ၇၉ လမ်းထောင့် မီးရထားဝန်းပိုင် နေရာတွင် အသက် ၇ နှစ်အရွယ် ယောကျ်ားလေးနှင့် အသက် ၄ နှစ်အရွယ် မိန်းကလေးကို မဖွယ်မရာ ပြုကျင့်ခဲ့ရာ ပတ်ဝန်းကျင်ရှိလူများက မြင်တွေ့ခဲ့ကြောင်း၊ အဆိုပါကိစ္စအပေါ် ကလေး ၂ ဦး၏ မိဘများက ရဲစခန်းသို့ တိုင်ကြားခဲ့ သဖြင့် မီးရထားရဲစခန်းက ပုဒ်မ ၃၇၆ နှင့် ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading