သတင်းတို

ခရီးသည်အား ထိုးကြိတ်သည့် ယာဉ်နောက်လိုက်ကို ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့၌ YBS ယာဉ် အမှတ် ၆ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်က ခရီးသည်အမျိုးသမီးအား ကိုယ်ထိလက်ရောက် ထိုးခဲ့သည့် အတွက် အင်းစိန် မြို့မရဲစခန်းတွင် ဖမ်းဆီး အရေးယူထားကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။

ယနေ့နံနက် ၁၀ နာရီခန့်က စော်ဘွားကြီးကုန်း မှတ်တိုင်အရောက်တွင် ယာဉ်လိုင်း ၆ မှ ယာဉ်နောက်လိုက် ၁ ဦးက ကားပေါ်မှဆင်းလာသည့် ခရီးသည် လင်မယားအနက် အမျိုးသမီးဖြစ်သူကို ထိုးကြိတ်ခဲ့သဖြင့် အနီးပတ်ဝန်းကျင်မှ လူများက  ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း၊ ပြဿနာကို တာဝန်ရှိသူများက ဖြေရှင်းပေးသော်လည်း နောက်ထပ် ယာဉ်နောက်လိုက် ၁ ဦးက မချေမငံ ပြောဆိုခဲ့ခြင်းကြောင့် ၂ ဦးလုံးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးဝေဖြိုးဟန်က “သူတို့က ကားပေါ်မှာကတည်းက နည်းနည်း စကားများလာတဲ့ ပုံစံတော့ ရှိတယ်၊ အခုလောလောဆယ် ကိုယ်ထိလက်ရောက်လုပ်တဲ့ ယာဉ်နောက်လိုက် ၂ ဦးကို ထိထိရောက်ရောက် အရေးယူဖို့ ပြောထားတယ်” ဟု ဧရာဝတီသို့ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading