အိန္ဒိယလေတပ်၏ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး Sreekuma Prabhakarn VMဟာ နေပြည်တော်မှာ ပြုလုပ်မယ့် မြန်မာ- အိန္ဒိယ လေတပ်တု့ိအကြား ပြုလုပ်မည့် 2nd Air Staff Talk တက်ရောက်ဖို့ ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိနေကြောင်း မြဝတီသတင်းက ဆိုပါတယ်။
တရုတ်နှင့် အနီးကပ်ဆက်ဆံရေး ထူထောင်ခဲ့သည့် မြန်မာတပ်မတော်ဟာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်တွင် အရှေ့တောင်အာရှနိုင်ငံများ၊ ဥရောပနိုင်ငံများနှင့် သာမက အိမ်နီးချင်း အိန္ဒိယတပ်မတော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်လာသလို၊ အိန္ဒိယဟာ လည်း တရုတ်ရဲ့ မြန်မာအပေါ်လွှမ်းမိုးလာမှုကို တန်ပြန်ဖို့ မြန်မာစစ်တပ်နဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်မှု တွေကို ပိုမိုပြုလုပ်လာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူနီးလ် လန်ဘာဟာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး၊ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သလို၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ အိန္ဒိယ- မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ အိန္ဒိယလက်နက်တွေနဲ့ ပတ်သက်ပြီး နှစ်နိုင် ငံ ပူးတွဲကင်းလှည်မယ့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသေးတယ်။