ထိုင်းလူမျိုးများအကြား မြန်မာပြည်ကိုသွားရောက်လည်ပတ်ဖို့ ရေပန်းစားလာတာကြောင့် တန်ဘိုး နည်း လေကြောင်းလိုင်းတခုဖြစ်တဲ့ Thai Air Asia (TAA)က ဒုတိယမြောက် ဘန်ကောက်- မန္တလေး နေ့စဉ် ခရီးစဉ်တခုကို တိုးချဲ့ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ Bangkok Post သတင်းက ဆိုပါတယ်။
တိုးချဲ့ပြေးဆွဲမယ့် လေကြောင်းလိုင်းအစီအစဉ်ကို မတ်လ ၁၇ရက်နေ့မှာ စတင်မှာဖြစ်ပြီး၊ TAAရဲ့ စီးပွားရေးဒါရိုက်တာရဲ့ အဆိုအရ လက်ရှိမှာ ထိုင်းလူမျိုးတွေအကြား မြန်မာပြည်ကို သွားရောက်ကာ ဘုရားဖူးလည်ပတ်ဖို့ စိတ်ဝင်စားမှုမြင့်တက်ပြီး ပိုမိုရေပန်းစားလာတာကြောင့်လို့သိရပါတယ်။
မန္တလေးမြို့မှာ အဓိကသွားရောက်ဖူးမျှော်စရာ မဟာမုနိဘုရားကြီး၊ ရွှေနန်းတော်ကျောင်းနဲ့ ဦးပိန်တံ တားစတဲ့ နေရာတွေ ရှိတဲ့အတွက် TAA အနေနဲ့ ပိုမိုပြေးဆွဲတာဖြစ်ပါတယ်။
TAA အနေနဲ့ ယခုနှစ်မှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ကို တိုးချဲ့ပြေးဆွဲဖို့ လုပ်နေ တာဖြစ်ပါတယ်။
လက်ရှိမှာတော့ Air Asiaဟာ ဘန်ကောက်(ဒွန်းမောင်း)- ဖနွမ်းပင်- ဟနွိုင်းခရီးစဉ်ကို တနေ့လျှင် လေယာဉ် ၂စီး၊ ဆီယမ်ရိ၊ ဗီယန်ကျင်း၊ လွမ်ဖရာဘန် နဲ့ မန္တလေးကိုတော့ တနေ့ကို ၁စီး၊ ရန်ကုန်မြို့ကို တနေ့ လေယာဉ်လေးစီးနှုန်း ပြေးဆွဲနေပါတယ်။
Thai AirAsia ရဲ့ ဘန်ကောက်- မန္တလေး လမ်းကြောင်းသစ်(FD 246) ဟာ ဘန်ကောက်မှ ညနေ ၃နာရီ ၃၅မိနစ်မှာ ထွက်ခွာပြီး မန္တလေးကို ၄နာရီ ၅၅မိနစ်မှာ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။
အပြန်ခရီးစဉ်(FD 247)ဟာ မန္တလေးမှ ၅နာရီ မိနစ် ၃၀မှာ ထွက်ခွာကာ ဘန်ကောက်ကို ၇နာရီ မိနစ် ၅၀မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။