သတင်းတို

ရခိုင်အရေးကို မလေးရှားက နိုင်ငံရေးအတွက် အသုံးချနေဟု မြန်မာပြော

Want create site? Find Free WordPress Themes and plugins.

မလေးရှား ဝန်ကြီးချုပ် နာဂျစ်အစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မွတ်ဆလင် အရေးကို အကြောင်းပြကာ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အား အထူးအစည်း အဝေးခေါ်ယူခြင်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်အပြည့်အစုံမှာ

မလေးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စ ဖြစ်သည့် ရခိုင်ပြည် နယ် ပြဿနာကို ဆွေးနွေးရန် အိုအိုင်စီ အထူးအစည်း အဝေး ခေါ်ယူကျင်းပခြင်း အတွက် အထူး စိတ် မကောင်း ဖြစ်မိပါသည်။

မလေးရှားနိုင်ငံ၏ စိုးရိမ်ပူပန်မှုများသည် အဖြစ်မှန်ကို စိစစ်ခြင်းမပြုဘဲ လူအခွင့် အရေး ဆိုးရွားစွာ ချိုးဖေါက်မှုအ‌ခြေအနေများရှိနေသယောင် ရည်ရွယ်ချက် ရှိရှိ ပုံဖော်ထုတ်ပြန်လျက်ရှိသည့် သတင်း မီဒီယာတချို့၏ သတင်းဖေါ်ပြချက် အပေါ် အခြေခံသည်ဟု ယူဆ ပါသည်။ ယင်းကဲ့သို့ ထိရှ လွယ် သည့် ပြဿနာ မျိုးအား ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက် အတွက် အသုံးချနေခြင်း မှာ စိုးရိမ်စရာ ဖြစ်ပါသည်။

မလေးရှားနိုင်ငံ၏လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံအစိုးရက ယင်းပြဿနာအား ဖြေရှင်း ရေးအတွက် ကြိုးပမ်း အားထုတ်နေမှုများကို လုံးဝ လျစ်လျူရှုထားရာလည်း ကျပါသည်။ ယခုဖြစ်ပွား သည့် အခြေအနေသည် ဘာသာရေး ဖိနှိပ်မှုမဟုတ်ဘဲ၊ ပြည်သူတို့၏ အသက် နှင်‌့ လုံခြုံရေး ကို အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှု မှ ကာကွယ်ရေး အတွက် ဆောင်ရွက်နေခြင်း ပင်ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဥပဒေနှင့် အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် အစိုးရ မှ ညွှန်ကြား ထားပြီးဖြစ်ပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၉-၁၀-၂၀၁၆ ရက်နေ့ နံနက်ပိုင်း က ဖြစ်ပွားခဲ့ သည့် စနစ် ကျကျ ကြိုတင်ကြံစည်ပြင်ဆင်၍ အကြမ်းဖက်သည့် ပုံစံမျိုးဖြင့် ပြည်ပ မှ ကူညီပံ့ပိုး ပေးထားသည့် အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်သူများ က လုံခြုံရေးတာဝန်ယူသည့် ရဲစခန်းများကို တိုက်ခိုက် မှုများ နှင့်ပတ်သက်၍ ၁၉-၁-၂၀၁၇ ရက်နေ့၌ ပြုလုပ် သော အိုအိုင်စီ အစည်းအဝေး ၏ ရလဒ် စာရွက်စာတမ်းများတွင် ဖော်ပြမှု မရှိသည်ကိုလည်း များစွာ အံ့သြမိပါသည်။ ဤ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် (၉) ဦး အသက်ဆုံးရှုံးခဲ့ပြီး၊ လက်နက် ခဲယမ်းများ ဆုံးရှုံးခဲ့ပါသည်။

ရခိုင်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး၊ လုံခြုံရေးအတွက် မည်သူမျှ မြန်မာ အစိုးရနှင့် ပြည်သူ များထက် စိုးရိမ်မည်သူ မရှိပါ။ ထို့ကြောင့်လည်း ဤပြဿနာရပ်ကို ဖြေရှင်းရန် နှင်‌့ ရခိုင်ပြည်နယ်အတွင်း သဟဇာတရှိမှု၊ ငြိမ်းချမ်းရေးနှင်‌့ ကြွယ်ဝချမ်းသာရေး အတွက် ကြိုးပမ်းမှုများကို ဆက် လက်ဆောင် ရွက်သွားရန် စစ်မှန်သော ဆန္ဒနှင့် သန္နိဌာန် ချထားပြီး ဖြစ် ပါသည်။

အစိုးရအနေဖြင့် လုပ်ဆောင်ရန် ရှိသည် များအားလုံးကို လုပ်ဆောင်လျက် ရှိနေပါသည်။ ပြဿနာကို လက်တွေ့ကျကျ ‌ွဖေရှင်းနိုင်မည့် ယန္တယားများကိုချမှတ် ထားရှိပြီး ဖြစ်ပါ သည်။ ဥပမာအားဖြင့် လုပ်ငန်းကော်မတီ လေးရပ်ပါဝင်သည့် ရခိုင်ပြည်နယ် တြည်ငိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကောင် အထည်ဖေါ်ရေး ဗဟိုကော်မတီကို လည်းကောင်း၊ ပြည့်စုံ ကောင်းမွန်စွာနှင့် ထိရောက်စွာ ဖြေရှင်းရေးကို အထောက်အကူ ပြုစေမည့် ရေရှည် နည်း လမ်းကောင်း များ ရရှိရေး အတွက် ဒေါက်တာ ကိုဖီအာနန် ခေါင်းဆောင် သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို လည်းကောင်း၊ မကြာမီ က ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ နှင်‌့ စွပ်စွဲမှုများကို စုံစမ်း စစ်ဆေး ရန် ဒုတိယသမ္မတ ဦးဆောင်သည့် ကော်မရှင် တစ်ရပ် ကို လည်းကောင်း ဖွဲ့စည်းထား ပြီးဖြစ် ပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသသို့ လူသားချင်းစာနာမှု အကူအညီပေးမှု များကိုလည်း လုံခြုံရေး အခြေအနေ ပိုမိုတိုးတက်လာသည်နှင်‌့ အမျှ တဖြည်းဖြည်းနှင်‌့ တိုးချဲ့ ပေးအပ် လျက် ရှိပါသည်။
ရခိုင်ပြည်နယ် ပြဿနာ နှင်‌့ ပတ်သက်၍ ရေရှည်တည်တံ့မည့် ဖြေရှင်းမှု တစ်ရပ် ရရှိရေး ကို အာရုံစိုက်ဆောင်ရွက်ခြင်းသည်သာ အသိုက်အဝန်းနှစ် ရပ်လုံး၏ အကျိုးကို အကောင်း ဆုံး ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

မလိုလားအပ်သော ဖိအားပေးမှုများ ပြုလုပ်ခြင်း သည် နဂိုကပင် ရှုတ်ထွေးနေ သည့် ပြဿနာရပ်ကို ပိုမို ရှုတ်ထွေးမှုများ ဖြစ်ပေါ်စေမည် သာ ဖြစ်ပါ သည်။ မြန်မာနိုင်ငံ အစိုးရ၏ ကြိုးပမ်းဆောင်ရွက် မှုများအပေါ် နိုင်ငံတကာ အသိုက် အဝန်း အနေဖြင့် နားလည်မှု နှင်‌့ အပြုသဘောဆောင် ပူးပေါင်း ကူညီပေးရန် လိုပါသည်။

နိုင်ငံခြားရေးဝန်ကြီဌာန၊ နေပြည်တော်
ရက်စွဲ၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်။

Did you find apk for android? You can find new Free Android Games and apps.
Loading