သတင်းတို

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကားမီးလောင်၊ ၈ ဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ မိုင်တိုင် အမှတ် ၄ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားတွင် HiAce ကားတစီး မီးလောင်ရာ ကားပေါ်ပါ လူ ၉ ဦးအနက် ၈ ဦးသေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ HiAce ကားသည် ရှေ့ ဝဲဘက် ဘီးပေါက်ကာ လမ်းဘေး အလူမီနီယံဘောင်ကို ဝင်တိုက်မိကြောင်း၊ ယင်းသို့ တိုက်မိရာမှ ဓာတ်ဆီတိုင်ကီ ကွဲ၍ မီးလောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ကနဦး သတင်းထုတ်ပြန်ထားသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ ၁၁ မိုင် အမြန်လမ်း မီးသတ်စခန်းက သွားရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

Loading