သတင်းတို

ထိုင်းခရီးသွားများ မြန်မာဘက်ခြမ်းမှာ BGF ၏ ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ ကရင်အမျိုးတဦး လွတ်မြောက်ရေး အတွက် လူဦးရေ ၄၀ခန့်ပါရှိသည့် ထိုင်းနိုင်ငံသား ခရီးသွားအုပ်စုတစုဟာ မနေ့က မြန်မာဘက်ခြမ်း ဘုရားသုံးဆူမှာ ကရင် လက်နက်ကိုင်အုပ်စုတစုရဲ့ ခေတ္တထိန်းသိမ်းထားခဲ့ကြောင်း ထိုင်း အခြေစိုက် Khaosad သတင်း ကဆိုပါတယ်။

အဆိုပါ ထိုင်းခရီးသွားအုပ်စုဟာ မြန်မာနယ်စပ် ကန်ချနဘူရီဘက်ကို ပြန်လည်ကူးဖို့ ပြုလုပ်စဉ်မှာ အဆိုပါ ကရင်လက်နက်ကိုင်အုပ်စုက တားဆီးလိုက်ခြင်းဖြစ်ပြီး၊ နောက်ပိုင်းမှာ ပြန်လွှတ်လိုက်ပါတယ်။

ကန်ချနဘူရီရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ် Kamron Boonloet က “အကြီးအကျယ်ကြီး ညှိနှိုင်းလိုက် ရတာမဟုတ်ပါဘူး၊ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်” လို့ဆိုပါတယ်။
The Nation သတင်းကတော့ မြန်မာဘက်ခြမ်းက လာရောက်အလုပ်လုပ်ကိုင်တဲ့ အသက်မပြည့်တဲ့ လိင် အလုပ်သမတွေကို ထိုင်းရဲက ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်ကာ ဘာကြောင့်ဖမ်းဆီးသလဲဆို တာကိုသိချင်အတွက် ထိုင်းခရီးသွားအုပ်စုကို အဆိုပါ လက်နက်ကိုင် အဖွဲ့က ထိန်းသိမ်းတယ်လို့ ဆိုပါတယ်။

အဆိုပါ လက်နက်ကိုင်အုပ်စုမှာ ကရင်နယ်ခြားစောင့်တပ်(BGF)မှ ဖြစ်တယ်လို့ ဆိုလိုက်ပြီး၊ နောက်ပိုင်းမှာ ဆန်ခလဘူရီမှာရှိတဲ့ စစ်တပ်၊ ရဲ၊ အာဏာပိုင်တွေနဲ့ မြန်မာဘက်ခြမ်းက လက်နက်ကိုင်အုပ်စု တွေညှိနှိုင်းပြီး တဲ့နောက်မှာတော့ ထိုင်းခရီးသွားတွေကို ပြန်လည်လွှတ်ပေးလိုက်တယ်လိုသိရပါတယ်။

လက်ရှိမှာတော့ ထိုင်း- မြန်မာနယ်စပ်မှာ အခြေအနေပုံမှန်ဖြစ်သွားပေမယ့်၊ နောက်ထပ်ပြန်ပေးဆွဲမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ထိုင်းခရီးသွားတွေအနေနဲ့ ကန်ချနဘူရီဘက်က မြန်မာနယ်စပ်ကို မသွားဖို့ သတိပေး တားမြစ်ထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading