သတင်းတို

မူဆယ်မြို့နယ်အတွင်း တပ်မတော်နှင့် KIA တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်အရှေ့မြောက် မူဆယ်မြို့နယ် မော်တောင်းကျေးရွာ၏ အရှေ့ဘက် ၄မိုင်ခန့်အကွာ၌ တပ်မတော်စစ်ကြောင်းနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ မော်တောင်းကျေးရွာ၏ အရှေ့ဘက် ၄မိုင်ခန့်အကွာမှာ တိုက်ပွဲဖြစ်ပွားကြောင်း၊ KIA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သကဲ့သို့ တပ်မတော်စစ်ကြောင်းကလည်း ပြန်လည်တိုက်ခိုက်ရာ KIA တို့ အနောက် တောင်ဘက်သို့ ဆုတ်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

တိုက်ပွဲမှာ တပ်မတော်မှ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ KIA အလောင်း ၁လောင်းနှင့် M-22 သေနတ်တလက်၊ ကျည်ဆန်နှင့်RPG ဒုံးသီးများ၊ KIA ယူနီဖောင်းများ သိမ်းဆည်းရမိကြောင်းသိရပါ တယ်။

ယခုနှစ်ဆန်းပိုင်းက တပ်မတော်မှ KIA စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်နေရာ၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ အရေးပါသည့် ဂီဒုန်စခန်း၊ လိုင်ဖောင်စခန်း နှင့် မံစီမြို့နယ်အတွင်းရှိ ငကျန်စခန်း တို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်

Loading