သတင်းတို

ရထားအန္တရာယ်ကင်းစေရေးလှုပ်ရှားမှုများ တပတ်ကြာ ပြုလုပ်မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာ့မီးရထားနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းပြီး ရထားလမ်းပိုင်း ဘေးအန္တရာယ် ကင်းစင်ရေး လှုပ်ရှားမှုများကို တပတ်ခန့် အကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရထားလမ်းပိုင်း ဘေးအန္တရာယ် ကင်းစင်ရေး လှုပ်ရှားမှု ဆောင်ရွက်ရာတွင် လက်ကမ်းစာဆောင်များ ဝေငှခြင်း၊ အသိပေး ကြေငြာချက်များ ပြုလုပ်ခြင်း၊ ဘေးအန္တရာယ်ကင်းသော သွားလာနိုင်သည့် ပုံစံများနှင့် ပတ်သက်ပြီး နည်းလမ်းများဖြင့် အသိပညာပေးခြင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

“JICA က လုပ်နေတာပါ။ ရထားလမ်းအဆင့်မြင့်တင်ရာမှာ အန္တရာယ်ကင်းစင်နိုင်ဖို့အတွက် ကြိုတင်ပြီးတော့ လှုပ်ရှားမှု ပြုလုပ်တာ ဖြစ်ပါတယ်။ သံလမ်းဖြတ်ကူးနည်း၊ ဂိတ်တွေကူးနည်း၊ ရထားစီးနည်း စတာတွေကို ရထားကြောင့် အန္တရာယ် မဖြစ်အောင်လုပ်ပေးတာ တပတ်လောက် ပြုလုပ်သွားပါမယ်” ဟု ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ်ကြီး ဦးကြည်ဝင်းက ပြောသည်။

ယင်းကဲ့သို့ ရထားလမ်းပိုင်း ဘေးအန္တရာယ်ကင်းရေး အတွက် ဆောင်ရွက်သည့် လှုပ်ရှားမှုအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီမှ REM.UAG ကုမ္ပဏီကို ငှားရမ်း၍ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တပတ်အတွင်းက စတင်ပြောင်းလဲခဲ့သည့် ရန်ကုန်မြို့အများပြည်သူသယ်ပို့ဆောင်ရေးစနစ်သစ်ဖြင့် ပြေးဆွဲရာတွင် ကားအစီးရေအတွက် မလုံလောက်သည့်အတွက် အခမဲ့ကားများဖြင့် ဝန်ဆောင်မှုပေးခဲ့သော်လည်း ဇန်နဝါရီ ၂၃ ရက်နေ့ တွင် ပြေးဆွဲခြင်း မရှိတော့ခြင်းကြောင့် မီးရထား အသုံးပြုသူများ ပိုမို များပြားလာခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading