ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နွန်သဘူရီအရပ်က ဘီယာကိုယ်တိုင်ချက်လုပ်ရောင်းချသူ အသက် ၂၈နှစ်အရွယ်ရှိ Taopiphop ဆိုသူကို တရားမဝင်ရောင်းဝယ်မှုနဲ့ ရဲက ပြီးခဲ့တဲ့စနေနေ့က ဖမ်းဆီး လိုက်တယ်လို့ Khasod သတင်းကဆိုပါတယ်။ Taopiphop ဟာ ဘီယာကို ကိုယ်တိုင်ချက်လုပ်ကာ Shophouse ဆိုတဲ့ အမည်နဲ့ ဆိုင်ဖွင့်ကာရောင်းချနေခြင်းဖြစ်ပြီး၊ သူ့ရဲ့ ဘီယာဘားကို Facebook ကနေ ကြော်ငြာခဲ့ပြီးနောက်မှာ အဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ်။
သူဟာ အိမ်လုပ်ဘီယာကို တလုံး ဘတ် ၁၅၀ဖြင့် အောက်ထပ်မှာ ဘားဆိုင်ဖွင့်ရောင်းချခြင်းဖြစ်ပြီး၊ အိမ် ဒုတိယထပ်နဲ့ တတိယထပ်မှာတော့ ဘီယာချက်ရာမှာ အသုံးပြုခဲ့တဲ့ စည်တွေ၊ မုယော၊ တဆေး တွေကို ရဲနဲ့ အကောက်ခွန်အရာရှိတွေက သိမ်းဆည်းခဲ့ပြီးနောက် လိုင်စင်မရှိပဲ ဘီယာချက်လုပ်မှု၊ ချက်လုပ်သည့် ပစ္စည်းများ တရားမဝင်ပိုင်ဆိုင်မှု၊ အခွန်မဆောင်မှု၊ မှတ်ပုံမတင်မှု့တို့ဖြင့် တရားစွဲခဲ့ပါ တယ်။
အကယ်လို့ ပြစ်မှုကျူးလွန်တာ ထင်ရှားရင် ဒဏ်ငွေ ဘတ် ၅ထောင်နဲ့ ထောင် ၆လကျခံရနိုင်ပါတယ်။