ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ မယ်စကြဝဠာတွေနဲ့ မာလာကန်နန် သမ္မတနန်းတော်မှာ တွေ့ဆုံ စကားပြောရာ မှာ “သူဟာ အခုလို ခန်းလုံးပြည် အမျိုးသမီးတွေနဲ့ မနေဘူးတဲ့အတွက် ဒီနေ့ကို ကုန်ဆုံးမသွားဖို့ မျှော်လင့်ကြောင်း” ယဉ်ကျေးစွာနဲ့ ဟာသနှောကာ ပြောသွားတယ်လို့ Bangkok Post သတင်းကဆိုပါတယ်။
စကားပြောဆိုရာမှာ ရင့်ရင့်သီးသီးပြောဆိုတတ်တဲ့ သမ္မတ ဒူတာတေးဟာ ဒီတခါမှာတော့ သူရဲ့နှုတ် ထွက်စကားကို ထိန်းထိန်းသိမ်းသိမ်းပြောဆိုသွားခဲ့တာပါ။
လာမည့် ဇန်နဝါရီလ ၃၀ရက်နေ့ မနီလာမြို့တော်မှာ နိုင်ငံပေါင်းစုံက အလှမယ် ၈၆ယောက်ဟာ မယ်စင်္ကြာဝဠာပြိုင်ပွဲကို ဝင်ရောက်မှာဖြစ်ပါတယ်။
သမ္မတဒူတာတေးဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကာလမှာ တုန်းက သြစတြေးလျ အမျိုးသမီးတဦး အဓမ္မပြုကျင်ခံရကာ အသတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး နင့်နင့်သီးသီး ဟာသလုပ်ကာ ပြောဆိုခဲ့မှုကြောင့်ဝေဖန်ခံခဲ့ရပါတယ်။