ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာ (မကဖ)စစ်ဆေးရေးဂိတ်၌ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက်နေ့က WY စာတန်းပါ စိတ်ကြွဆေး ၁၅သန်းနီးပါး ဖမ်းဆီးရမိမှု၌ သတင်း စုံစမ်းကာ ရဲတပ်ဖွဲ့အား အသိပေးခဲ့သူ ကိုရာဇာဟိန်းအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွက် ချီးကျူးဂုဏ်ပြု ထိုက် သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့ သည်။
ကိုရာဇာဟိန်းမှာ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် နေထိုင်သူဖြစ်ပြီး မူးယစ်ဆေးဝါး များသယ် ဆောင်လာသည့် မော်တော်ယာဉ်ကိုဖမ်းဆီးရမိရန်၊ ၈ရက်တိုင်တိုင် တောတွင်း၌ ကျောက်ကွင်း လုပ်သားအဖြစ် အယောင်ဆောင်ကာ စုံစမ်းဖော်ထုတ်ခဲ့ပြီး ရဲတပ်ဖွဲ့သို့ အသိပေးနိုင်ခဲ့ ခြင်းဖြစ်သည်။
အဆိုပါ စိတ်ကြွဆေးပြား ၁၅ သန်းနီးပါး (၁၄၉၅၄၀၀၀ လုံး)ကို ဥသျှစ်ပင်မြို့တွင် နေထိုင်သူ ယာဉ်မောင်း ကျော်ကျော်ဝင်း(ခ) ဝင်ကျော်ဦးနှင့် ချစ်ဖွယ်၊ သက်ဇော်ဝင်း ဆိုသူတို့က စက်သုံးဆီပေပါများအတွင်း ထည့်သွင်းကာ သယ်ဆောင်လာခြင်းဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန်
ပန်းတောင်းတွင် WY ဆေးပြား ၁၅ သန်းနီးပါး ဖမ်းဆီးရမိ