သတင်းတို

IS နဲ့အဆက်အသွယ်ရှိသူ ၄ဦးမလေးရှားရဲဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS နှင့် အဆက်သွယ်ရှိသူများဟု ယူဆရသူ ၄ဦးကို မလေးရှားရဲအဖွဲ့ က မနေ့က ဖမ်းဆီးလိုက်ကြောင်း Reuters သတင်းကဆိုပါတယ်။

ဖမ်းဆီးရမိသူ ၄ဦးတွင် ၃ဦးမှာ နိုင်ငံခြားသားများဖြစ်ပြီး၊ သူတို့ဟာ ဖိလစ်ပိုင်တောင်ပိုင်း မွတ်ဆလင် လှုပ်ရှားမှု အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့ သိရပါတယ်။

မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး ခါလစ် အဘူ ဘာကာက အဆိုပါ အုပ်စုဟာ ဖိလစ်ပိုင် တောင် ပိုင်း မင်ဒါနာအိုပြည်နယ်အခြေစိုက် လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပြီး၊ ISရဲ့ မလေးရှားအဖွဲ့ဝင်အဖြစ် လူသိများ သူ တက္ကသိုလ်ကထိက မိုဟာမက် အာမက်ဆိုသူက ဦးဆောင်ပါတယ်။

ဒီအကြမ်းဖက်အုပ်စုဟာ IS အတွက် တောင်အာရှနဲ့ အရှေ့တောင် အာရှဒေသကနေ အဖွဲ့ဝင်သစ်တွေ စုဆောင်းရာမှာ မလေးရှားအရှေ့ပိုင်းက ဆာဘားပြည်နယ်ကို ကြားခံထားပြီး အလုပ်လုပ်ဖို့ စီမံနေ တယ်လို့ စုံစမ်းရေးမှူး ခါလစ်က ဆိုပါတယ်။

အခုဖမ်းမိတဲ့ ဖိလစ်ပိုင်လူမျိုးတဦးဟာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ရခိုင်မြောက်ပိုင်းက နေ နောက်လိုက်အသစ်တွေ ရှာဖွေစုဆောင်းဖို့ တာဝန်ပေးခြင်းခံရသူဖြစ်ပြီး၊ မင်ဒါနာအိုကျွန်းကို သွားမယ့် ခရီးစဉ်ကို စီစဉ်သူဖြစ်ပါတယ်။

အလားတူ IS နဲ့ အချိတ်အဆက်ရှိတယ်လို့ ယူဆရသူ နာရီရောင်းသမားတဦးကိုလည်း ဆာဘာပြည် နယ်မှာ မလေးရှားအမျိုးသမီးတဦးနှင့် အတူဖမ်းမိခဲ့ပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ့်လူမျိုး ၂ဦးကိုလည်း မြို့တော်ကွာလာလမ်ပူမှာ ဖမ်းမိခဲ့တာဖြစ်ပြီး၊ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်က အစွန်းရောက်အုပ်စုနဲ့ ချိတ်ဆက်တယ်လို့ သံသယရှိသူဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အမြင့်ဆုံး တပ်လှန့်ထားတာဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading