သမ္မတသစ်ဒေါ်နယ်ထရမ့်အနေနဲ့ အာရှ-ပစ္စဖိတ်ဒေသနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ပေးထားတဲ့ ကတိကဝတ်တွေကို လျော့ချမပစ်ဖို့ မလေးရှား ကာကွယ်ရေးဝန်ကြီး ဟူစိန်က တိုက်တွန်းလိုက် ပါတယ်။
Trump က အမေရိကန်ရဲ့ နိုင်ငံရပ်ခြားက ကတိကဝတ်တွေ (သဘောတူညီချက်စာချုပ် တွေ၊ အကူအညီတွေ) ကို လျှော့ချနိုင်ဖွယ်ရာရှိကြောင်းကို အကြိမ်တော်တော်များများ ပြောဆိုခဲ့တာ ကိုရည်ညွှန်းပြီး Hishammuddin က “အာရှ-ပစိဖိတ်က အမေရိကန်ရဲ့ လုံခြုံရေးနဲ့ စီးပွားရေး အတွက် အလွန်အရေးကြီးတာကိုထောက်ပြီး Trump အနေနဲ့ ပြန်စဉ်းစားဖို့ မျှော်လင့်ပါတယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ အမေရိကန်နဲ့ မြန်မာအပါအဝင် အာရှ- ပစ္စဖိတ်ဒေသနိုင်ငံ များ၏ ကာကွယ်ရေးဝန်ကြီးများတက်ရောက်တဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ဂ်ကို မလေးရှားကာကွယ်ရေး ဝန်ကြီးက ရည်ညွှန်းလိုက်တာဖြစ်ပါတယ်။
လာမည့် ဇွန်လ ၂ရက်နေ့ကနေ ၄ရက်နေ့အထိ အစိုးရများအကြား လုံခြုံရေးဖိုရမ်တခုကိုလည်း ကျင်းပဖို့ ရှိနေပါတယ်။
မလေးရှားကာကွယ်ရေးဝန်ကြီးက အရှေ့တောင်အာရှနိုင်ငံများအနေနဲ့ မဟာအင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုကို ပြောင်းလဲပစ်ဖို့ ပြောလိုက်သလို၊ အာဆီယံကာကွယ်ရေးဝန်ကြီးများနဲ့ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနဲ့ အမေရိကန်တို့အကြား ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် အင်အားကြီးနိုင်ငံတွေရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ပြောင်းလဲဖို့ အကြံပေးခဲ့ပါတယ်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန်နဲ့ တရုတ်အကြား တနိုင်ငံကို ရွေးချယ်ရမယ်ဆိုတဲ့ အချိန်ကို ရောက်လာမှာကို စိုးရိမ်ကြောင်ထုတ်ဖော်ပြောခဲ့ပါသေးတယ်။
တကယ်လို့ အမေရိကန်က တရုတ်နဲ့ ဆက်ဆက်ရေးကို တည်ငြိမ်အောင်ထိန်းနိုင်မယ်ဆိုရင်တော့ စင်ကာပူအတွက် နှစ်နိုင်ငံလုံးကို မိတ်ဆွေအဖြစ် ရွေးချယ်ရတာလွယ်ကူပေမယ့်၊ တင်းမာမှုဖြစ်လာရင် တော့ သူတို့အတွက် ရွေးချယ်ရမှာ ကျဉ်းမြောင်းလာမယ်လို့ လီရှန်လွန်းက ဆိုပါတယ်။