ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၉ရက်နေ့က ဖြစ်ပွားခဲ့သည့် ငါးခူရနယ်မြေရဲစခန်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ရာခတ် (ခ) ရှာကေမူမာမတ်အား မနေ့က ဖမ်းဆီးရမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။
ငါးခူရနယ်မြေရဲစခန်းတိုက်ခိုက်မှုတွင် ပါဝင်သူများ ထွက်ပြေးတိမ်းရှောင်နေရာ မှ ပြန်လည်ရောက်ရှိနေကြောင်း သတင်းရ၍ နယ်မြေခံရဲတပ်ဖွဲ့နှင့် ရပ်ရွာမှတာဝန်ရှိသူများ စောင့်ဆိုင်းနေစဉ် ရာခတ် (ခ) ရှာကေမူမာမတ်(၂၆နှစ်)ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူ ၁၁ဦးကို ဖမ်းဆီးရမိခဲ့သေးသည်။