သတင်းတို

ထိုင်း အဆင့်မြင့်အရာရှိကြီးတဦး ပန်းချီကားခိုးယူမှုဖြင့် ဂျပန်ရဲဖမ်းဆီး

ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာကြီးတဦးကို ဂျပန်နိုင်ငံ ကျိုတိုမြို့က ဟိုတယ်တခုမှ ပန်းချီကား ၃ကား ခိုးယူမှုဖြင့် ဂျပန်ရဲက ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။

အဆိုပါ ထိုင်းအရာရှိကြီးဟာ ကုန်သွယ်ရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ်ဖြစ် တယ်လို့ ဒေသတွင်းမီဒီယာတွေက ဆိုပြီး၊ ဟိုတယ်ရဲ့ ၉ထပ်နဲ့ ၁၀ထပ်မှာ အလှတပ်ဆင်ထားတဲ့ ပန်းချီကား တွေကို ပျောက်ဆုံးနေတာကို ဟိုတယ်ဝန်ထမ်းက သိရှိပြီးတဲ့နောက်မှာ ရဲက ရှာဖွေရာမှာ ထိုင်းအရာရှိရဲ့ အိတ်မှာတွေ့ရှိရခြင်းဖြစ် တယ်လို့သိရပါတယ်။

ပန်းချီကားတွေရဲ့ တန်ဘိုးဟာ ဂျပန်ယန်း ၁၅၀၀၀ (ထိုင်းဘတ် ၄၆၀၀)ရှိတယ်လို့သိရပါတယ်။
အဆိုပါ အရာရှိဟာ အိုဆာကာမှာရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုကို တက်ရောက်ဖို့ ဂျပန်ကို ရောက်နေတာဖြစ်ပြီး၊ လတ်တလောမှာတော့ သူ့ကို ကျိုတိုမြို့က ရဲစခန်း တခုမှာ ချုပ်နှောင်ခြင်းခံထားရပါတယ်။

ထိုင်းစီးပွားကူး သန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Wiboonlasana ကလည်း ဂျပန်မှာရှိတဲ့ စီးပွားရေးသံမှူးကို စုံစမ်းစစ်ရေးပြုလုပ်ဖို့ ပြောခဲ့သလို၊ တိုကျိုက ထိုင်းသံရုံးကိုလည်း ပူးပေါင်းဆောင် ရွက်ဖို့ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အိုစကာမှာရှိတဲ့ ထိုင်းစီးပွားရေးသံရုံးအနေနဲ့လည်း ဂျပန်အာဏာပိုင်တွေနဲ့ ပူးပေါင်းဖို့နဲ့ တရားဝင်နည်းလမ်းနဲ့ ဆောင်ရွက်ဖို့ကိုလည်း လုပ်ဆောင်နေပါတယ်။

ထိုင်းကုန်သွယ်ရေး ဒုဝန်ကြီး Sonthirat Sonthijirawongကလည်း အဖက်ဖက်က တရားမျှတမှု ဖြစ်ဖို့ ကတိစကားဆိုခဲ့သလို၊ ဝန်ကြီးဌာနတွင်း စုံစမ်းစစ်ဆေးမှု အဖြေလည်း လာမည့် ၁ရက် ၂ရက်အတွင်း သိရှိနိုင်မယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒီဖြစ်ရပ်ကြောင့် နိုင်ငံခြားတိုင်းပြည်မှာကို သွားရောက်နေတဲ့ ထိုင်းအစိုးရ အရာရှိများအပေါ် ယုံကြည်မှု လျော့ပါးဖို့ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Sek Wannamethee ကလည်း ဂျပန်မှာရှိတဲ့ ထိုင်းသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတို့အနေနဲ့ ဒီဖြစ်ရပ်အပေါ် ဂျပန်မီဒီယာတွေရဲ့ဖော်ပြချက်ကို လေ့လာပြီးပြီဖြစ်ကြောင်း ၊ သင့်လျော်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး၊ ရှေ့နေနဲ့ စကားပြန်ငှားဖို့ လုပ်ဆောင် နေပါတယ်။

Loading