သတင်းတို

ထိုင်း- မြန်မာနယ်စပ်အနီး မူးယစ်မှောင်ခိုအဖွဲ့နှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင် မြန်မာနယ်စပ်အနီးမှာ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ် အကြား ပစ်ခတ်မှုဖြစ်ပွားရာ မူးယစ်ဆေးဝါးသယ်ဆောင်တဦးကို မက်သာဖက်တမင်းဆေးပြား ၂သိန်း ၉သောင်းနဲ့ အတူ အသေဖမ်းဆီးမိကြောင်း Bangkok Post သတင်းကဆိုပါတယ်။

မနေ့ကညက နယ်စပ်အနီး ထိုင်းစစ်တပ် ကင်းလှည့်စဉ် နယ်စပ်ဖြတ်ကျော်လာသည့် လူ ၇ယောက်ကို တွေ့ရှိပြီး ရပ်တန့်ခိုင်းရာမှ ၅မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး၊ ဒီကနေ့မနက် အလောင်းတလောင်းကို မက်သာဖက်တမင်းဆေးပြားတွေ ထည့်ထားတဲ့ အိတ် ၂လုံးနှင့်အတူ ထိုင်းစစ်သားများ၊ ရဲနှင့် ဒေသအာဏာပိုင်များပါဝင်တဲ့အဖွဲ့က ရှာတွေ့ခြင်းဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့တော့ အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေဟာ မြန်မာဘက်ခြမ်းက တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတစုဖြစ်သည်ဟု ယုံကြည်ပြီး မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ ပတ်သက်နေကြောင်း ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading